Thursday, August 28, 2014

ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ကြောင်း ဆယ်ယူသူများ ပြောကြားချက်ကြောင့် စိတ်ဝင်စားမှုမြင့်တက် လာသော် လည်း ဆယ်ယူမည့်နေ့ရက် မသေချာသေး

ရန်ကုန် သြဂုတ် ၂၇
ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေတွေ့ရှိထားပြီး မကြာမီရက်အတွင်း ရှာဖွေရန် ကြိုးပမ်းလျက်ရှိသူ ဦးစံလင်းက သြဂုတ် ၆ ရက်မွန်းလွဲ ၂ နာရီခွဲတွင် ပြောကြားခဲ့သဖြင့် ပြည်သူအများ စိတ်ဝင်စာမှု ပိုမိုမြင့်တက် လျက်ရှိသော်လည်း ဆယ်ယူရန်နေ့ရက်ကို မသတ်မှတ်ရသေးကြောင်း အဆိုပါအဖွဲ့မှ ပြောကြားသည်။

"ခေါင်းလောင်းကြီးကို တွေ့ရှိထားပြီးဖြစ်ပါတယ်" ဟု ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေဆယ်ယူရေးလုပ်ငန်းမှ ဦးစံလင်းက သြဂုတ် ၂၆ ရက် ညနေ ၄ နာရီတွင် ပြောကြားသည်။ သြဂုတ် ၂၅ ရက် ည ၁၂ နာရီခန့်ကပင် ခေါင်းလောင်းကြီးတွေ့ရှိပြီဟူသည့် သတင်းများကြောင့် ပြည်သူများ သွားရောက်လေ့လာမှု များပြားလျက်ရှိပြီး သြဂုတ် ၂၆ ရက်တစ်ရက်လုံးတွင် လာရောက်လေ့လာသူများ ပိုမိုမြင့်တက်လျက်ရှိပြီး သြဂုတ် ၂၇ ရက်တွင်လည်း ခေါင်းလောင်းကြီးဆယ်ယူမှုကို လာရောက်လေ့လာသူများ ဆက်လက်များပြားလျက်ရှိသည်။
"ကျွန်တော်ကတော့ ခေါင်းလောင်းကြီး ရှိခဲ့တယ်ဆိုတာနဲ့ ခေါင်းလောင်းကြီးရဲ့ တန်ချိန်ကို ယုံကြည်ပါတယ်။ ဆရာဦးစံလင်းတို့ တွေ့ရှိပြီလို့ပြောတာကိုတော့် သိပ်မယုံချင်ဘူး။ ဒါပေမယ့်လည်း ဒီတစ်ခေါက် ခေါင်းလောင်း ဆယ်ယူရေးမှာ ပြည်သူများရဲ့ ယုံကြည်ချက်နဲ့ စုပေါင်းအားပေးမှုတွေကြောင့် မဖြစ်နိုင်ဘူးလို့လည်း မပြော နိုင်ပါဘူး။ အကောင်းဆုံးကတော့ ပြန်လည်ဆယ်ယူနိုင်တာကို မြင်တွေ့လိုတဲ့အတွက် နေ့စဉ်လာရောက် ကြည့်ရှုပါတယ်" ဟု ကိုမင်းကျော်ခိုင် (သာကေတ - မြို့နယ်) က ပြောကြားသည်။
ခေါင်းလောင်းကြီးကို ဆယ်ယူခွင်ရရှိရန် ကြိုးပမ်းခဲ့သူ ဆရာဦးစံလင်းကမူ သြဂုတ် ၂၆ ရက်တွင် နောက်ဆုံးထားတွေ့ရှိရန် မူလကတည်းက မျှော်မှန်းထားခဲ့ပြီး ဆယ်ယူရေးလုပ်ငန်းများနှင့် ခေါင်းလောင်း အနေအထားအသေးစိတ်ကိုမူ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။ ယနေ့တွင်လည်း ခေါင်းလောင်း ရှာဖွေသူများ ပြုလုပ်ရာနေရာသို့ အနီးကပ်ကြည့်ရှုသူများအား အနားကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားသည်ကိုလည်း တွေ့ရှိရသည်။ ခေါင်းလောင်းဆယ်ယူမှုနှင့် ပတ်သက်၍ ပြည်သူများနှင့် ရှေးဟောင်းယဉ်ကျေးမှု ပညာရှင်းများအကြား ကွဲလွဲချက်များ ဖြစ်ပေါ်လျက်ရှိသော်လည်း ဆယ်ယူရေးအဖွဲ့ကမူ တွေ့ရှိပြီဟု ပြောကြားလာခြင်းကြောင့် လာရောက်ကြည်ရှုမှုနှုန်းမှာ ဆက်လက် မြင့်တက် နိုင်ပြီး ယင်းအဖွဲ့၏ ပြောကြားချက်အရ သြဂုတ်လမကုန်မီ ပြန်လည်ဆယ်ယူနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

No comments:

Post a Comment