Thursday, August 28, 2014

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့ ပူးပေါင်း၍ မီဒီယာ ကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်





နေပြည်တော် သြဂုတ် ၂၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဌာနဆိုင်ရာ အဖွဲ့အစည်းများ အတွက် မီဒီယာနှင့် ထိတွေ့ဆက်ဆံမှု ဆိုင်ရာကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် နာရီက နေပြည်တော် Royal ACE ဟိုတယ်တွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Toily Kurbanov က သင်တန်းဖွင့်လှစ် ရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် မီဒီယာကျွမ်းကျင် ပညာရှင်များဖြစ်သော အမေရိကန်နိုင်ငံမှ Mr. Moncef Bouhafa နှင့် Mr. Kirk Tory ပြင်သစ်နိုင်ငံမှ Mr. Jeau Frederic Bernard တို့က ဌာနဆိုင်ရာများ အနေဖြင့် မီဒီယာများနှင့် အကျိုးရှိစွာ ထိတွေ့ ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများနှင့် ပြည်သူလူထုနှင့် ထိတွေ့ ဆက်ဆံမှု ဆိုင်ရာများ ကို အလုပ်ရုံ ဆွေးနွေးပွဲပုံစံဖြင့် ဆွေးနွေး ပို့ချကြမည်ဖြစ်ပြီး သင်တန်းကို ၂၉..၂၀၁၄ ရက်နေ့ထိ () ရက် ပြုလုပ်သွားမည် ဖြစ်သည်။ သင်တန်းသို့ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ သတင်း ပြန်ကြားရေးနှင့်သက်ဆိုင်သော အဆင့်မြင့် အရာရှိကြီးများ (၄၃) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment