ဩဂုတ် (၇)
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့်ဘူတာ
ပိုင်းရပ်ကွက်၊ စက်ကုန်းပိုင်း ရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်၊ ဘုရားကြီးပိုင်း ရပ်ကွက်၊
ရွာသစ်ပိုင်းရပ်ကွက်နှင့် ရေကျော် ရပ်ကွက်များ တွင် နေအိမ်များအတွင်း ရေဝင်ရောက်ပြီး
ကားလမ်းများပေါ်တွင်၂ ပေခန့် အထိရေများ တက်ရောက်နေပြီး မြို့ပေါ်ကျောင်းများအားလုံး
(၆-၈-၂၀၁၄)မှ (၁၀-၈-၂၀၁၄)ရက်နေ့အထိ (၅) ရက် ပိတ်ထားရပါသည်။
ရွှေကျီးပင် ဘုန်းကြီးကျောင်း၊လေသာဘုန်းကြီးကျောင်း၊သုံးခွကျေးရွာ အ.မ.က ကျောင်းနှင့်
အောင်ချမ်းသာ ဘုန်းကြီး ကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး ကျေးရွာ၊
ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာများမှ ကူညီစောင့်ရှောက်နေကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment