မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာ အမျိုးသားဘောလုံးပြိုင်ပွဲ
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို သြဂုတ်လ (၄) ရက် ညနေပိုင်းတွင် မြစ်ကြီးနားမြို့
ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်မောင်မောင်၊
ဌာနဆိုင်ရာများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ
ဦးပေါ်ဦးနှင့်
ကော်မတီ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အားကစားသမားများ၊ ဖိတ်ကြားထားသော
ဧည့်သည်များ တက်ရောက်ကြပြီး နောက်ဆုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အေးစေတီဘောလုံးအသင်းနှင့်
ရန်ကြီးအောင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အေးစေတီဘောလုံးအသင်းက ရန်ကြီးအောင်ဘောလုံးအသင်းကို
(၃) ဂိုး (၂) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ အကောင်းဆုံးဂိုးသမားဆု
(၂၀၀၀၀)ကျပ်၊ အကောင်းဆုံး နောက်တန်းဆု (၂၀၀၀၀) ကျပ်၊ အကောင်းဆုံးအလယ်တန်းဆု (၂၀၀၀၀)
ကျပ်၊ အကောင်းဆုံးရှေ့တန်းဆု (၂၀၀၀၀) ကျပ်၊ ပွဲစဉ်တစ် လျောက် အကောင်းဆုံးဘောလုံးသမားဆု
(၃၀၀၀၀) ကျပ်၊ ပွဲစဉ်တစ်လျောက် အသန့်ရှင်းဆုံးဆုကျပ် (၁) သိန်း တို့ကို တာဝန် ရှိသူများက
အသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဆုရရှိသည့် ရန်ကြီးအောင် ဘောလုံးအသင်းအား
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု
ကော်မတီ ဥက္ကဌ ဦးပေါ်ဦးက ငွေသားဆု (၄) သိန်းကျပ်နှင့် ဆုဖလားအားလည်းကောင်း၊
ပထမဆုရရှိခဲ့သည့် အေးစေတီ ဘောလုံးအသင်းအား
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်က ငွေသားကျပ် (၆) သိန်းနှင့် ဆုဖလား တို့ကို
အသီးသီးပေးအပ်ကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
No comments:
Post a Comment