Thursday, August 7, 2014

ဒူးရင်းဆိပ်ကျေးရွာ အနိမ့်ပိုင်း ဒုံသမိမြစ်ကမ်းနံဘေး နေထိုင်သူများ ရေတိုးလာသောကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်



သထုံ  သြဂုတ်  
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ် ကျေးရွာတွင် လွန်ခဲ့သော ၁၀ ရက်ခန့်မှ စတင်ကာ မိုးများပြီး မြစ်ရေ တဖြည်းဖြည်း တိုးလာသောကြောင့် ယခု ရက်ပိုင်းအတွင်း ဒုံသမိမြစ်ကမ်းနံဘေး အနိမ့်ပိုင်းတွင် နေထိုင် ကြသော တံငါအိမ်များ ရေနစ်မြုပ်ကာ ဘေးလွတ်ရာသို့ရွှေပြောင်းနေထိုင်လျက် ရှိကြသည်။ 






“ ရေက ကျ မသွားဘဲတဖြည်းဖြည်းတိုးလာတာ၊ ကျွန်တော်ဆို ဒီကိုရောက်တာ ၃ ရက် လောက်ရှိပြီ။ တဖြည်းဖြည်းနဲ့ ရွှေ့ပြောင်းလာကြတဲ့ မိသားစုတွေ များလာတော့ နေစရာ အခက်အခဲ ဖြစ်လာတယ် ရေကြီးပြီး မိုးကလည်း များနေတော့ ၀မ်းရေးအတွက် ငါးရှာဖို့ကလည်း မဖြစ်နိုင်တော့ အရမ်းအခက်အခဲ ဖြစ်ပါတယ်” ဟု သဲကုန်း အပိုင်းတွင် နေထိုင်သူ ဦးတင်မြင့်က သြဂုတ်လ ၆ ရက်နေ့ က ပြောသည်။
ဒူးရင်းဆိပ်ကျေးရွာရှိ သဲကုန်းနှင့် ကျားမနိုင် အပိုင်းများတွင် လူနေအိမ်များ ရေနစ်မြုပ် လျက်ရှိသော်လည်း အချို့ မိသားစုများမှာ ရေဘေးလွတ်ရာ ဆွေမျိုးမိသားစုများထံ ပြောင်းရွှေ့ နေထိုင်ကြပြီး အများစုမှာ ကယ်ဆယ်ရေးစခန်း အဖြစ်ဖွင့်လှစ်ထားသည့် ကျေးရွာရှိ မြဘုန်းတော်ကြီး ကျောင်းတွင် နေထိုင်လျက် ရှိကြခြင်း ဖြစ်သည်။
“သြဂုတ်လ ၆ ရက်နေ့ အထိတော့ အိမ်ထောင်စု ၂၃ စု က လူဦးရေစုစုပေါင်း ၁၁၃ ဦးကို ကယ်ဆယ်ရေး စခန်းဆီ ရွှေ့ပြောင်း ပေးပြီးပါပြီ။ ကျန်ရှိနေသူတွေကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ နာရေးကူညီမှု အသင်းနဲ့ ကြာပန်းကျေးရွာ ဓမ္မပါလ လူငယ် အသင်းတို့က လိုက်လံနှိုးဆော်ပြီး နေရာချထားပေးလျက် ရှိပါတယ်။ ဒုက္ခ ရောက်နေသူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု တွေကိုတော့ ကျေးလက်ကျန်းမာရေးဌာနက ကူညီ ဆောင်ရွက် ပေးနေပါတယ်” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

No comments:

Post a Comment