နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်
နေပြည်တော်၌ ကျင်းပလျက်ရှိသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ
အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဖန်ဘင်မင်း
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံအကြား
တည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှု
မြှင့်တင်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးကာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အလားတူ ညနေ ၃ နာရီ
၁၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်
တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝါရင့်ဝန်ကြီးနှင့်
နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး
ဝန်ကြီးဒေါက်တာ ဟိုစေးလူးဝစ်စ်ဂူတားရက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီး
နှစ်နိုင်ငံအကြား တည်ရှိပြီး ဖြစ်သော ချစ်ကြည်ရင်းနှီးမှု
မြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး ကာ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment