Wednesday, August 27, 2014

၂၀၁၄ခုနှစ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ(ဒိုင်း) ရပ်/ကျေး ဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ



ကျိုက်ထိုမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူးကျင်းပသော ကော်မတီဥက္ကဌ ဒိုင်း ရပ်/ကျေး ဘောလုံးပြိုင်ပွဲကို လွန်ခဲ့သည့် ရက်သတ္တပတ်က ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ ဘောလုံး အသင်း(၁၁)သင်း 


ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာသော တောင်သူစု ရပ်ကွက် အသင်းနှင့် ကံ့ကော်ရပ်ကွက် အသင်းတို့မှာ သြဂုတ်လ၂၅ ရက်၊ ညနေ ၃ နာရီ တွင် မြို့နယ် အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြရာ တောင်သူစုရပ်ကွက် အသင်းမှ ကံ့ကော်ရပ်ကွက် အသင်းအား (၂) ဂိုး ဂိုး မရှိဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုပေးပွဲကို ကျင်းပရာ ပထမဆု ရရှိသော တောင်သူစုရပ်ကွက် ဘောလုံးအသင်းအား မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဌ ဦးစံမြက ချီးမြှင့်ပြီး ဒုတိယဆု ရရှိသော ကံ့ကော်ရပ်ကွက် ဘောလုံး အသင်းအား ပြည်နယ်အားကာဦးစီးဌာန လ/ထညွှန်မှူး ဦးခင်ဇော်က ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment