Wednesday, August 27, 2014

သထုံ အကျဉ်းထောင်အတွင်း နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုက်လံစစ်ဆေး



သထုံ    သြဂုတ်    ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သြဂုတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီခွဲက သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်းနှင့် တာဝန်ရှိသူတို့က သထုံ အကျဉ်းထောင်အတွင်း လိုက်လံစစ်ဆေး ကြည့်ရှုခဲ့သည်။




ခရိုင် တရားသူကြီးနှင့်အတူ ဒုတိယခရိုင် တရားသူကြီး ဦးဇေယျာတင့်ညို၊ မြို့နယ်တရားသူကြီး ဒေါ်ခင်မျိုးနွယ် နှင့် တာဝန်ရှိသူတို့က အချုပ်ကြန့်ကြာ အချုပ်သားများနှင့် အမှုအမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရေး ဆွေးနွေးကာ အကျဉ်းထောင် အတွင်းရှိ အဆောင်များ သန့်ရှင်းသပ်ရပ်ရေး၊ အချုပ်သား အကျဉ်းသား ၂၃၈ ဦးတို့၏ နေထိုင် စားသောက်မှု၊ ကျန်းမာရေးကဏ္ဍ စောင့်ရှောက် ပေးနေမှုများနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး အတွက်  ဆောင်ရွက် ထားရှိမှုများကို လိုက်လံစစ်ဆေး ကြည့်ရှုရာ သထုံအကျဉ်းထောင်၊ ထောင်မှူး ဦးတင်ချိုက လိုက်လံ ရှင်းလင်း ပြသသည်။
ခရိုင် တရားသူကြီးက အကျဉ်းထောင် လုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ပြီး ယခင်က လများထက် ပိုမို ကောင်းမွန်သည့် အခြေအနေ ကောင်းများကို ဆက်လက် တိုးတက်စေရေး အတွက် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment