Wednesday, August 27, 2014

ကရသူရိမြို့နယ်ခွဲတွင် ကျောက်ထုလုပ်သားများ ဝင်ငွေကောင်း၍ ဝမ်းသာပျော်ရွှင်

ကရသူရိမြို့နယ်ခွဲ ၊ သြဂုတ် ၂၆ ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကရသူရိမြို့နယ်ခွဲတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် သတ်မှတ်ငွေဖြင့် လာမည့် နွေဦးရာသီအတွင်း ဘုတ်ပြင်း-ကရသူရိ လမ်းမကြီးအား ကတ္တရာခင်းလမ်း အဆင့်သို့မြှင်တင်ခြင်း
လုပ်ငန်းများ အား အပြီးသတ်ဆောင်ရွက် ဖြစ်ရာ မြို့နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ မိုင်တိုင်မှတ် (၁၀၇/ ၅) မှ (၁၈၀/၁) အထိ လမ်းအရှည် ၉မိုင် ၆ဖါလုံအား လမ်းအောက်လွှာကျောက်ခင်းခြင်းလုပ်ငန်း ကို စတင်ဆောင်ရွက် လျှက်ရှိရာ အဆိုပါလမ်းပိုင်းတွင် အသုံးပြုရန် (၂” x ၄”)ဆိုဒ် ကျောက်များအား တစ်ကျင်းလျှင် (၉၀ဝ၀ိ/-) ဖြင့် ဝယ်ယူ အသုံးပြုလျှက်ရှိသည်။
အဆိုပါ ကျောက်များ ရရှိနိုင်ရေး ဒေသခံပြည်သူများက ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းစီမံကိန်းလုပ်ငန်းသို့ ဒေသထွက်ကျောက်များ ထုတ်လုပ် တင်သွင်း ရောင်းချခြင်းဖြင့် ဝင်ငွေ ကောင်းလျှက်ရှိကြပြီး လာမည့်ကာလအတွင်း ဒေသအတွက် ကတ္တရာလမ်း အမြန်ပြီးစီးနိုင်ရေး ဝင်ငွေလည်းရ ဒေသအကျိုး တဖက်တစ်လှမ်းမှ ဆောင်ရွက်ပေး နေကြရာ ကုသိုလ်လည်းရဝမ်းလည်းဝ ဆိုသကဲ့သို့ ဒေသပြည်သူများ ဝမ်းသာမဆုံးဖြစ်နေကြကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment