Friday, August 1, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးနှင့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွင် အဓိကကျသော ပုဂ္ဂိုလ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော်   ဩဂုတ် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးနှင့် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် အဓိကကျသောပုဂ္ဂိုလ် H.E.Mr. Hiroto IZUMI ဦးဆောင်သော  ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံအတွင်း အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေး၊ ဂျပန်နိုင်ငံမှ ပေးအပ်မည့် ODA ချေးငွေနှင့် ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များ၊ မြို့ပြတိုးချဲ့ရေးနှင့် အိုးအိမ်နေရာချထားရေး၊ သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် ထားဝယ်ရေနက် ဆိပ်ကမ်းတည်ဆောက်ရေးဆိုင်ရာများ၊ ဆက်သွယ်ရေး ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ လယ်ယာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် ထွက်ရှိသောသီးနှံများ အား ဂျပန်နိုင်ငံဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့်တင် ပို့နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ  သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး မစ္စတာ တာတီရှီ ဟိုင်ဂူချီ တက်ရောက်သည်။

No comments:

Post a Comment