Friday, August 1, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ





နေပြည်တော်   ဩဂုတ် 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့နံနက်()နာရီတွင် နေပြည်တော်ရှိ တောင်သူပညာပေးစက်မှု လယ်ယာစံပြစိုက်ခင်း ဧက(၅၀၀)ရှိ အဆင့်မြင့်သစ်သီးဝလံ အအေး ခန်းနှင့် ထုပ်ပိုးစက်ရုံဧည့်ခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ တွဲဖက်အတွင်းရေးမှူး ဒေါ်နန်းကလျာဝင်း၊ အဖွဲ့ဝင် ဦးဖေမြင့်၊ ဦးသီဟစော၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦးနှင့် ဦးခင်မောင်ဌေးတို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် စတုတ္ထမဏ္ဍိုင်တို့အကြား သတင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်း အတတ် ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ ကျင့်ဝတ်ဆိုင်ရာ ဖြေရှင်းရေးလုပ်ငန်းစဉ်များ ပိုမိုအားကောင်းစေရေး၊ အစိုးရဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန် ရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင် ဆောင်ရွက်ရေး၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာပြဿနာ များကို ဥပဒေကြောင်းအစား စာနယ်ဇင်းကောင်စီမှတစ်ဆင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေရေး၊ ဝန်ကြီးဌာနများနှင့် စာနယ်ဇင်းသမားများအကြား ယုံကြည်မှုနှင့် အပြန်အလှန်နားလည် မှုမြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရေး၊ စာနယ်ဇင်းသမားများ၏ ကျင့်ဝတ်ဆိုင်ရာ အဆင့်အတန်းမြှင့်တင်ရေးတို့နှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ဆွေးနွေးရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတည်ဆောက်ရေးတွင် စတုတ္ထမဏ္ဍိုင်၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုပါကြောင်း၊ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် သတင်းလွတ်လပ်ခွင့်ရရှိရန် အရေးကြီးသည်ကို လက်ခံပါကြောင်း၊ သိမ်မွေ့ညင်သာသည့် အသွင်ကူးပြောင်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် လွတ်လပ်မှုကို အလွဲသုံးစားလုပ်ဆောင်မှုများ မပေါ်ပေါက်စေရန်အတွက် သတင်းမီဒီယာများအနေဖြင့်လည်း လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ကို သတိနှင့်ယှဉ်ပြီး ကျင့်သုံးသည့် ဂုဏ်သိက္ခာရှိသော မီဒီယာများအဖြစ် ရပ်တည်စေလိုပါကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရန်၊ လုံခြုံမှုရှိရန် လိုအပ်ချက်နှင့် လွတ်လပ်မှုကြားတွင် သဟဇာတဖြစ်အောင် ကျင့်သုံးရန်လိုအပ်ပါကြောင်း၊ လူ့အဖွဲ့အစည်း၏ လုံခြုံအေးချမ်းမှုအတွက် ဥပဒေအဖြစ်ထိန်းကျောင်းရန် လိုအပ်သည့်အလျောက် မီဒီယာများ အပါအဝင် အားလုံးကဥပဒေကိုလေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ အစိုးရဝန်ကြီးဌာနများ၏ သတင်း ထုတ်ပြန်မှု လုပ်ငန်းများတွင် အားနည်းချက်များရှိနေသည်ကို သိရှိပါကြောင်း၊ ထိုအချက်ကို ဖြေရှင်းနိုင်ရန် အတွက် စာနယ်ဇင်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့်မီဒီယာ များ ပူးပေါင်းပြီး မီဒီယာ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နှစ်ဖက်စလုံးက ပြုပြင်သင့်သည့် အချက် များကို ပြန်လည်ပြုပြင်ပြီး ကျင့်ဝတ်နှင့်အပြန်အလှန်လေးစားမှုကို အခြေခံသည့် မီဒီယာဆက်ဆံရေးကို တည်ဆောက်သွားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲဝင်များ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စုပေါင်း၍မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)တို့သည် ၂၀၁၃ ခုနှစ် စက်တင်ဘာ ()ရက်တွင် နေပြည်တော်၌ ပထမအကြိမ်တွေ့ဆုံခဲ့ကြပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။

No comments:

Post a Comment