နေပြည်တော် ဩဂုတ် ၁
(၃၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး (The 36th Meeting of the
ASEAN Ministers on Agriculture and
Forestry AMAF) နှင့် ဆက်စပ်အစည်းအဝေးများကို စက်တင်ဘာ(၂၃)ရက်မှ (၂၅)ရက်အထိ နေပြည်တော်ရှိ
Horizon Lake View Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
သတင်းတက်ရောက်ရယူလိုသည့် ပြည်တွင်း/ ပြည်ပသတင်းထောက်များအနေဖြင့် www. asean 2014. gov. mm မှ Home Page တွင်ရှိသည့် Upcoming Events ၌ (The 36th Meeting of the
ASEAN Ministers on Agriculture and
Forestry AMAF) ကိုနှိပ်၍
MEDIA REGISTRATION FORM ကိုနှိပ်ကာ MEDIA
REGISTRATION FORM တွင် ပြည့်စုံစွာဖြည့်စွက်ပြီး Go ပြုလုပ်ရန် မှတ်ပုံတင်ခြင်းကို
ဩဂုတ်(၃၀)ရက်နေ့ နောက်ဆုံး ထားဆောင်ရွက်ရန်နှင့် ဝင်ထွက်ခွင့်ကတ်များထုတ်ပေးခြင်းကို အစည်းအဝေး စတင်သည့် စက်တင်ဘာ (၂၃)ရက် နံနက်ပိုင်းတွင်
Horizon Lake View Hotel ၌ ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတကာသတင်းထောက်များအနေဖြင့် နီးစပ်ရာသံရုံများမှတစ်ဆင့် ဗီဇာလျှောက်ထားကြရမည် ဖြစ်ကြောင်း နှင့် အစည်းအဝေးနှင့်ပတ်သက်၍ သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဖုန်း- ၀၆၇-၄၁၀၄၉၆ သို့လည်းကောင်း၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာန များနှင့် ပြည်တွင်းစာနယ်ဇင်းများ ဝင်ထွက်ခွင့်ရရှိရေးနှင့်ပတ်သက်၍ သိရှိလိုပါက သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဖုန်း-၀၆၇-၄၁၂၁၂၆ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment