နေပြည်တော်-ဩဂုတ်(၉)
အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် (၂၁)ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်၏
ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်လျက်ရှိရာ အာဆီယံဒေသဆိုင်ရာဖိုရမ်၏ နှစ်စဉ်ထုတ်ဝေ မြဲဖြစ်သည့်
နှစ်စဉ်လုံခြုံရေးဆိုင်ရာ အမြင်စာအုပ်ကို အာဆီယံဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး
ဆိုင်ရာမူဝါဒများ၊ လုံခြုံရေးဆိုင်ရာအမြင်များကို စုစည်း၍ (၂၁)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်
အစည်းအဝေးအမီ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
ယခုနှစ်ထုတ်ဝေခဲ့သော အာဆီယံလုံခြုံရေးအမြင်စာအုပ်တွင် အာဆီယံဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ
ဖြစ်သည့် မြန်မာ၊ ဩစတြေးလျ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊
ဖစ်လစ်ပိုင်၊ ကိုရီးယားသမ္မတနိုင်ငံ ရှရားဖက်ဒရေးရှင်း၊ စင်ကာပူ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့်
ဗီယက်နမ်နိုင်ငံတို့က ယင်းတို့၏ဒေသဆိုင်ရာ လုံခြုံရေးအမြင်များ ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒများ၊
ဒေသဆိုင်ရာလုံခြုံရေးနှင့် ပတ်သက်၍ အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံအလိုက် ပါဝင် ဆောင်ရွက်မှုများ
အာဆီယံဒေသဆိုင်ရာဖိုရမ်၏ အခန်းကဏ္ဍများနှင့်ပတ်သက်၍ ရေးသားဖော်ပြထားပါသည်။
အာဆီယံဒေသဆိုင်ရာဖိုရမ်၏ အာဆီယံဒေသဆိုင်ရာဖိုရမ်အဖွဲ့ဝင်နိုင်ငံများအခြား ကာကွယ်ရေးနှင့်
လုံခြုံရေးမူဝါဒများနှင့် ပတ်သက်၍ မြင်သာထင်သာမှုရှိရေးနှင့် လုံခြုံစိတ်ချမှု တည်ဆောက်ရေးတို့မှတစ်ဆင့်
အာရှနှင့် ပစိဖိတ်ဒေသအတွင်း ငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ကို မြှင့်တင်နိုင်ရန်
ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပြီး ယခု ထုတ်ဝေမှုသည် (၁၅)ကြိမ်မြောက်အဖြစ် ထုတ်ဝေခြင်းဖြစ်ပါသည်။
No comments:
Post a Comment