နေပြည်တော်-ဩဂုတ် ၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်အတွက်
သတင်းအချက်အလက် ကောက်ယူခြင်း အစီအစဉ်ရေးဆွဲရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်
(၁၀)နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စကားဝါဖွံ့ဖြိုးတိုးတက်ရေးအတိုင်ပင်ခံ လီမိတက် အုပ်ချုပ်မှုဒါရိုက်တာနှင့်
အဖွဲ့ဝင်များက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ်
ပြည်သူ၏ တုံ့ပြန်ချက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လုပ်ငန်းများနှင့်
ပတ်သက်၍ ဆောင်ရွက်မည့်ပုံစံများနှင့် ဌာန၏ လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်နေမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်
သတင်းအချက်အလက် ကောက်ယူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုင်ငံတော်အစိုးရ၏ တတိယအဆင့် (Third
Wave) ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် မိမိတို့ဌာနကလည်း နိုင်ငံတော်အတွက်
ရေရှည်အကျိုး ဖြစ်ထွန်းစေမည့် အပြည်ပြည်ဆိုင်ရာ
လေဆိပ်များနှင့် နယ်စပ်ဂိတ်များအား လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခဲ့ခြင်း
၊ ဆိုက်ရောက်ဗီဇာနှင့် e-visa စနစ်များ ဖော်ဆောင်ပေးခြင်း၊ ပြည်လုံးကျွတ်သန်းခေါင်
စာရင်းကောက်ယူခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့မှု၊ ပြည်သူများအတွက် မိုးပွင့်စီမံချက်များဖြင့်
နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွယ်ကူလျင်မြန်စွာ ထုတ်ပေးဆောင်ရွက်နေမှု၊ ဌာန၏ ရည်မှန်းချက်
တာဝန်များဖော်ဆောင်ရာတွင် ထိတွေ့ဆက်ဆံရသော ပြည်သူများ၏ တုံ့ပြန်ချက်၊ ဌာနဖွံ့ဖြိုးတိုးတက်ရေးအတွက်
အားသာချက်၊ အားနည်းချက်များအားဖော်ထုတ်၍ ပြုပြင်ဆောင်ရွက်နိုင်ရန် စကားဝါဖွံ့ဖြိုးတိုးတက်ရေး
အတိုင်ပင်ခံ လီမိတက်နှင့် ပူးပေါင်းဆောင်ရွက်၍ အခြေအနေသုံးသပ်အဖြေရှာနိုင်ရေး ဆောင်ရွက်လျက်ရှိ
ပါကြောင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
စကားဝါဖွံ့ဖြိုးတိုးတက်ရေး အတိုင်ပင်ခံလီမိတက်သည် ဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းလျက်
ဆက်စပ်ဌာန များမှ ဝန်ထမ်းများ၊ ဝန်ကြီးဌာနမှ ထိတွေ့ဆက်ဆံ၍ ဝန်ဆောင်မှုပေးနေသည့် ပြည်သူများအား စစ်တမ်း မေးခွန်းများ မေးမြန်းကောက်ယူကာ
သတင်းအချက်အလက်စုဆောင်း၍ ဝန်ကြီးဌာနဖွံ့ဖြိုးတိုးတက်ရေး သုံးသပ်အဖြေရှာသွားမည်ဖြစ်ကြောင်း
သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ်(၃)ရက်က စစ်ကိုင်းမြို့ ဧည့်ရိပ်သာ၌ တာဝန်ရှိသူများအား
တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment