နေပြည်တော် ဩဂုတ် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကနေဒါနိုင်ငံ
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျွန်ဘတ် ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်၊ ကနေဒါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို
Country of Focus စာရင်းတွင် ထည့်သွင်းပြီး ဖွံ့ဖြိုးရေးအကူအညီများ ပိုမိုပေးအပ်မည့်
အခြေအနေ၊ လူထုအခြေပြု အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေး
မှုဖြစ်စဉ်များကို အကူအညီပေးရန်၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရန်၊ နယ်စပ်ဒေသ
စီမံခန့်ခွဲရေးအတွက် အကူအညီပေးရန်၊ ကျန်းမာရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးစသည်တို့နှင့်
ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊
ဦးတင်နိုင်သိန်း၊ ဦးခင်ရီ၊ ဦးရဲထွဋ်၊ ဒုတိယဝန်ကြီး ဦးသန့်ကျော်နှင့် တာဝန်ရှိသူများ
တက်ရောက်ကြပြီး ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ
မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး မစ္စတာ မက်ခ် မက်ဒေါင်ဝဲလ်လည်း တက်ရောက်သည်။
No comments:
Post a Comment