Tuesday, August 26, 2014

အသိပညာဗဟုသုတမြင့်မားရေး ပညာပေးဟောပြောပွဲဖောင်းပြင်မြို့နယ် မန်မော်ကျေးရွာ၌ ကျင်းပ

ဖောင်းပြင် ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ မန်မော်အုပ်စု၊ မန်မော်ကျေးရွာ၊ “မိတ္တဗလ”စာကြည့်တိုက် အဆောက်အဦရှေ့၌ ၂၀၁၄-ခုနှစ်၊ ဩဂုတ်လ(၂၄)ရက်၊ နံနက်(၁၀)နာရီ အချိန် က အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန်မော်ကျေးရွာ သီရိရာဇာကျောင်းထိုင်ဆရာတော် ဦးသံဝရ ကအဖွင့်ကြဝါဒ စကားမြွက်ကြားသည်။
၎င်းနောက်အမှာစကားများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဦး၊ စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မောင်မောင်တို့ကပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြင့်က မူးယစ်ဆေး ဝါးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးတော်တော် ကဥပဒေရေးရာ အကြောင်းသိကောင်းစရာများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်နိုင်ဝင်း ကယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင် မြို့နယ်စီမံကိန်း ဦးစီးအရာရှိ ဒေါ်မွှေးမွှေး ကစီမံကိန်းအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်မွေး/ကု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာနှင်းပွင့်သက် ကတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများ အကြောင်း၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး ဦးဇေယျာဝင်းက ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များနှင့် စာအုပ် စာစောင် တိုးပွားရေး လုပ်ငန်းစဉ်များကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
၎င်းနောက် အလှူရှင်အသီးသီးက မန်မော်ကျေးရွာ “မိတ္တဗလ” စာကြည့်တိုက်အတွက် စုစုပေါင်း ငွေကျပ် (၁၈၆၀ဝဝိ/-) ကျပ်နှင့် သုတ/ရသ စာအုပ်များကို ကျေးရွာစာကြည့်တိုက် ကော်မတီထံသို့ ပေးအပ် လှူဒါန်းခဲ့ကြပြီး မန်မော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဥာဏ်အောင်ကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment