Tuesday, August 26, 2014

တရားမဝင် ကျွန်းတံခါး၊ ပြုတင်းနှင့် မှန်လည်ချပ်များ သိမ်းဆည်းရမိ

စစ်ကိုင်း သြဂုတ် ၂၆
စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးညွန့်လှိုင်၊ တောအုပ်-ဦးဇော်လွင်ဦး၊ ဦးမင်းဆွေ၊ တောခေါင်း- ဦးသန်းဇော်၊ ဦးညွန့်ဝင်းထွန်း၊ ခရိုင်သစ်တော ဦးစီးဌာနမှ

တောအုပ်ကြီး ဦးအောင်စိုးမြင့်၊ တောအုပ်-ဦးသန်းညွန့်တို့ပါဝင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန ခရိုင်ရုံးမှ စုံမှူးဦးကျော်စိုးလင်း၊ ဒုစုံမှူးဦးမျိုးတင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ဦးအေးမောင်တို့သည် ဩဂုတ်(၂၄) ရက် နံနက်(၃)နာရီခွဲက စစ်ကြောင်းအသွင်ဖြင့် တရားမဝင်သစ် ရှာဖွေဖမ်းဆီးခြင်း လုပ်ငန်းဆောင်ရွက်ရာ စစ်ကိုင်း-ရွှေဘို-မုံရွာကားလမ်း ရွှေတောင်လမ်း ဖြတ်းသန်းခ ကောက်ခံရေးစခန်း အနီးတွင် အင်းတော်မြို့ ဘူတာမြောက်ဘက်မှ မောင်းနှင်လာသော ယာဉ်အမှတ် ၂ခ/၉၇၃၀ Fuso မှန်လုံ(ဖြူ၊ပြာ၊စိမ်းကြား)ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရားမဝင် ကျွန်းတံခါး ပြုတင်းနှင့် မှန်လည်ချပ်များ သယ်ယူ မောင်းနှင်လာ သည်ကို စစ်ဆေးတွေ့ရှိသဖြင့် မြို့နယ်သစ်တောရုံးသို့ မောင်းနှင်လာပြီး ချတိုင်းစစ်ဆေးရာ ကျွန်းတံခါး (၃၀)ချပ်(ဝဒသမ၇၇၂၃)တန်၊ ကျွန်းပြုတင်း(၁၈၃)ချပ် (၂ဒသမ၇၈၇၈)တန်၊ ကျွန်းမှန်လည် (၁၀၀)ချပ် (ဝဒသမ၅၉၂၆) တန် စုစုပေါင်း(၃၁၃)ချပ် (၄ဒသမ၁၅၃၆) တန် အား ဖမ်းဆီးရမိခဲ့သည်။           

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ကျွန်းတံခါး၊ ပြုတင်းနှင့် မှန်လည်ချပ်များ သယ်ဆောင် မောင်းနှင် လာသော ယာဉ်မောင်း ဦးအောင်နိုင်မင်း (ဘ) ဦးမြင့်ထွန်းနှင့် ယာဉ်နောက်လိုက် ဦးဌေးလှိုင် (ဘ) ဦးကနက်စိန် နန်းရှေ့၊ ကုန်းတန်း ရပ်ကွက် ပုသိမ်ကြီးမြို့နယ် နေသူအား စစ်ကိုင်းမြို့ မြို့မရဲစခန်းက (ပ)၃၅၄/၂၀၁၄ ပြည်သူပိုင် ၆(၁) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပြီး၊ ဖမ်းဆီးရမိ ပစ္စည်းများကို မြို့နယ်သစ်တောရုံးဝင်း အတွင်း သိမ်းဆည်းထား၍ ယာဉ်အမှတ် ၂ခ/၉၇၃ဝအား မြို့မရဲစခန်းသို့ လွှဲပြောင်း အပ်နှံရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment