Thursday, August 7, 2014

ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲကျင်းပ

မြစ်ကြီးနား သြဂုတ် ၆

ပညာရေးဝန်ကြီးဌာန၊ အမှတ်(၂)အခြေခံပညာဦးစီးဌာန အစီအစဉ်ဖြင့် အလျား(၁၃၅)ပေ၊ အနံ(၃၀)ပေ၊ အမြင့် (၂၃)ပေ RC နှစ်ထပ် (SS-24) ကို ငွေကျပ်သိန်းပေါင်း(၁၆၂၀)ဖြင့် ဆောက်လုပ်ခဲ့သော ရွှေနဒီကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားကို သြဂုတ် (၆) ရက် နံနက် (၉) နာရီက ၀ိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ အခြေခံပညာ
အထက်တန်းကျောင်း၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြအောင်နှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပြီး ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇုန်းဆွေက ပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးထံ လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment