နေပြည်တော် ဩဂုတ် ၂
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင် လှိုင်သည် ယနေ့ ညနေ ၄ နာရီခွဲတွင် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံ၌
လက်ခံကျင်းပသည့် (၂၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ
(Regional Border Committee-RBC) အစည်းအဝေးသို့ တက်ရောက် ခဲ့ကြသော ထိုင်းဘုရင့်တပ်မတော်မှ
အမှတ်(၃) စစ်တိုင်းမှူး Lieutenant General Preecha Jan-O-Cha ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့
အား လက်ခံတွေ့ဆုံသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး
စိုးဝင်း၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်တို့ တက် ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီး
များ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် ကြည်းတပ် စစ်သံမှူး Colonel Salawin
Uttarak တို့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ
အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် မူးယစ်ဆေးဝါးပပျောက်ချုပ်ငြိမ်းရေး အတွက် နှစ်နိုင်ငံအလေးထား
ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် အထူးစီးပွား ရေးဇုန်များ ဖွင့်လှစ်ရေးနှင့်
သစ် တောများပူးပေါင်းစိုက်ပျိုးရေးဆိုင်ရာ များ၊ အပြန်အလှန် ချစ်ကြည်ရေးခရီး စဉ်ကိစ္စရပ်များတင်ပြမှုအပေါ်
တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က လို အပ်သည်များ ဖြည့်စွက်မှာကြား ဆွေးနွေးခဲ့ကြောင်း
သတင်းရရှိ သည်။
No comments:
Post a Comment