နိုင်ငံတော်အစိုးရသည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို
ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်သော အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး
ကော်မတီကို ဖွဲ့စည်းကာ ပြက္ခဒိန်နှစ် တစ်နှစ် အတွင်း ထုတ်ဝေသော စာအုပ်များကို ဘာသာရပ်
(၁၆)မျိုးခွဲခြား၍ နှစ်စဉ် ချီးမြှင့်ပေးလျက်ရှိသည်။
နိုင်ငံတော်အဆင့် စာပေဆုဖြစ်သည့် အမျိုးသားစာပေဆုအတွက်
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို ပိုမိုမျှတမှုရှိစေရန် လက်ရှိနိုင်ငံ့ဝန်ထမ်းများ
ပါဝင်ခြင်းမရှိဘဲ လွတ်လပ်သော စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။
ရွေးချယ်ရာတွင်လည်း ဆုရသင့်ရထိုက်သည့် စာအုပ်များရရှိစေရေးအတွက်
ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့် ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားစိစစ်ရွေးချယ်လျက်ရှိသည်။
ယခုအခါ ထုတ်ပြန်ပြီးဖြစ်သည့် ပုံနှိပ်ခြင်းနှင့်
ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေအရ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ အဖိုးအခလွတ် ပေးပို့ရမည့်
စာအုပ်စာရင်းတွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီအတွက် မပါရှိတော့ပါ။ သို့ဖြစ်၍
၂၀၁၄ ခုနှစ်အတွင်း မိမိတို့ရေးသားခဲ့သော ပထမအကြိမ် ထုတ်စာအုပ်များကို အမျိုးသားစာပေဆု
စိစစ်ရွေးချယ်ရေး ကော်မတီသို့ စာအုပ်လေးအုပ်စီပေးပို့နိုင်ရေး ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်နေ့တွင်
ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။
သို့ရာတွင် စာအုပ်ရရှိရေးအစီအမံ ပိုမိုပြည့်စုံစေရန်နှင့်
စာရေးဆရာများ အခွင့်အရေးဆုံးရှုံးမှု မရှိစေရန်တို့အတွက် စာပေထုတ်ဝေ/ ဖြန့်ချိသူများနှင့်
စာဖတ်ပရိသတ်တစ်ဦးချင်းတို့က အမျိုးသား စာပေဆုတွင် ထည့်သွင်းစဉ်းစား သင့်သည့် စာအုပ်များကိုဖြစ်စေ၊
စာအုပ်စာရင်းကိုဖြစ်စေ အကြံပြုချက် များပေးပို့လိုပါက ပေးပို့နိုင်ပါရန် ထပ်မံဖြည့်စွက်
ဖိတ်ခေါ်ထားသည်။
အမျိုးသားစာပေဆုအတွက် ထည့်သွင်းစဉ်းစားသင့်ကြောင်း
အကြံပြု လိုသည့် အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်သည် စာအုပ်အမည်၊ စာရေးသူ၊ ထုတ်ဝေသည့်
စာအုပ်တိုက်၊ ထုတ်ဝေသည့်ခုနှစ်တို့ကို ဖော်ပြ၍ အောက် ဖော်ပြပါ လိပ်စာအတိုင်း (၂၈-၂-၂၀၁၅)ရက်
နောက်ဆုံးထားပေးပို့နိုင်သည်။
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ စာပေဗိမာန်
အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉၊ စာတိုက်မှ
ပေးပို့သူများအနေဖြင့် မှတ်ပုံတင်ပြုလုပ်၍ ပေးပို့ ရန်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment