ညောင်ဦး
သြဂုတ် ၅
ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ
ဝန်ထမ်းများနှင့် ချောက်ကန်ကျေးရွာ ဒေသခံ ပြည်သူများ ပူးပေါင်း၍ သြဂုတ် ၅ ရက် နံနက်က
ချောက်ကန်- ဇီးအိုကျေးရွာချင်းဆက်လမ်းဘေး ၀ဲ/ယာ၌
ကျွန်း (၅၀၀) ပင်ရေလောင်းစိုက်ပျိုးခြင်း၊ လမ်းတွင်သွားလာလျှက်ရှိသော ကျွဲ၊ နွား၊ သိုး၊
ဆိတ် စားသောက်ဖျက်စီးခြင်းမှ ကာကွယ်ရန်အတွက် ဇီးခက်၊ ကန္တာရဆူးခက်၊ ရှားခက်များ ကာရံခြင်းလုပ်ငန်းများကို
စုစုပေါင်းအင်အား (၄၁၂) ဦး၊ ချောက်ကန်ကျေးရွာမှ ရေစည်လှည်း (၂၆) စီး၊ သစ်တောဦးစီးဌာနမှ
ရေယာဉ် (၁) စီးတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သည် အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသအတွင်း
ကျရောက်နေပြီး ၂၀၁၄ ခုနှစ်၊ မိုးရာသီ၌ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနမှ တောင်းခံရယူထားသော
မိုးရေချိန်အရ ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ယနေ့ အချိန်ထိ မိုးရွာသွန်းမှုမှာ (၁၀) ရက်ရှိပြီး စုစုပေါင်းမိုးရေချိန်
လက်မ (၆.၇၅) ရှိသော်လည်း မေလ ၂၅ ရက်နေ့ တစ်ရက်တည်းတွင်သာ မိုးရေချိန် လက်မ (၂.၆၄) ရွာသွန်းပြီး
ကျန်ရက်များမှာ မိုးရေချိန် (၁) လက်မ ထက် လျော့နည်းသော မိုးရေချိန်များသာ ဖြစ်သောကြောင့်
သစ်ပင်များစိုက်ပျိုးရန်အတွက် လုံလောက်သော မိုးရေချိန် မရရှိနိုင်သောကြောင့် ယခုကဲ့သို့
ရေစည်လှည်း ရေယာဉ်များဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment