Wednesday, August 27, 2014

ဒုတိယသမ္မတဦးဉာဏ်ထွန်း အာဆီယံ-ဂျပန် စီးပွားရေးကောင်စီနှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်-ဩဂုတ် ၂၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဉာဏ်ထွန်း သည် အာဆီယံ-ဂျပန် စီးပွားရေးကောင်စီနှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ Mr. Akio Mimura ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံရာတွင် ဒုတိယသမ္မတနှင့်အတူ ဒုတိယဝန်ကြီး ဦးသန့်ကျော်၊ ဦးသိန်းအောင်နှင့် ဒေါက်တာ ပွင့်ဆန်းတို့ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi Higuchi နှင့် သံရုံးမှတာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် အာဆီယံ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်း  ဆောင်ရွက်ရေး၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အထူးစီးပွားရေးဇုန် အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်ရေး ဆိုင်ရာ ကိစ္စရပ်များ ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment