Wednesday, August 27, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အရှေ့အာရှ စီးပွားရေးဆိုင်ရာ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံ အတွင်း ရေးမှူးချုပ် တို့အား လက်ခံတွေ့ဆုံ

နေပြည်တော်-ဩဂုတ် ၂၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် အရှေ့အာရှစီးပွားရေးဆိုင်ရာ စီးပွားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့အား ယနေ့နံနက် (၁၀)နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။







ယင်းတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးအေးမြင့်ကြူ၊ ဒေါက်တာ ကံဇော်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံနိုင်ငံများနှင့် ဩစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ ကိုရီးယား၊ အမေရိကန်နိုင်ငံတို့မှ စီးပွားရေး ဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီယောင်မင်တို့ တက်ရောက်ကြသည်။

No comments:

Post a Comment