Saturday, August 30, 2014

သထုံမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်ပြီး ပြုလုပ်ပေး



သထုံ    သြဂုတ်    ၂၉
သထုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနနှင့် NRC အဖွဲ့တို့ ပူးပေါင်းကာ သြဂုတ်လ ၂၈ ရက်နေ့က သထုံမြို့နယ်၊ ဈေးမသွယ် (အထက်) ကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူ များတို့အား မိုးပွင့်အဆင့် (၆) စီမံချက်အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အဆိုပါ ကျေးရွာသို့ သွားရောက်ကာ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။ 





“ရွှေနဘေ” ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သထုံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းဖေ၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကိုကိုမောင်နှင့် မြို့နယ်ဦးစီးမှူး ဦးဆွေငြိမ်းတို့က စီမံချက်လုပ်ငန်း အကြောင်း ရှင်းလင်း ပြောကြားကာ ကျေးရွာအုပ်စု အတွင်းမှ ဒေသခံပြည်သူ ၁၂၈ ဦးတို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ပေးအပ်ခဲ့သည်။
မိုးပွင့်အဆင့်(၆) စီမံချက် ဖြင့် ဇူလိုင်လ ၁၇ ရက်နေ့မှ စတင်ကာ သထုံမြို့နယ် အတွင်းရှိ ကျေးရွာများသို့ လိုက်လံ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ သြဂုတ်လ ၂၈ ရက်နေ့ အထိ ကျေးရွာ အုပ်စုပေါင်း ၆ အုပ်စုသို့ သွားရောက်ကာ ဒေသခံ ပြည်သူများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၇၅၆ ဦးတို့အား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို အခမဲ့ပြုလုပ် ပေးနိုင်ခဲ့ပြီး ယင်းစီမံချက်အရ သထုံမြို့နယ် အတွင်းမှ ကျန်ရှိနေသေးသည့် ကျေးရွာများ တွင်လည်း ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးမှ သိရသည်။

No comments:

Post a Comment