Friday, August 1, 2014

မိုးကြိုချည်မျှင်ရှည်ဝါမျိုးသန့် မျိုးပွားစံပြကွက်အတွင်း တောင်သူများ လေ့လာ




မုံရွာ ဩဂုတ် 
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စက်မှုသီးနှံ ဖွံ့ဖြိးရေး ဦးစီးဌာနသည် ဇူလိုင်လ (၃၁)ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က ၂၀၁၄-၂၀၁၅ ခုနှစ် မိုးကြို ချည်မျှင် ရှည်ဝါမျိုးသန့် မျိုးပွားစံပြကွက် ကွင်းသရုပ်ပြပွဲကို တောင်သူ ဦးသန်းလင်း၏ ဝါစိုက်ခင်းအတွင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းသရုပ်ပြသို့ ယင်းမာပင်ခရိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်/မြို့နယ် အဆင့်ဌာနတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လက်လှုပ်၊ စားတော်ပြင်၊ ရုံးလေးပင်၊ ပြောင်းပြာကျေးရွာ များမှ တောင်သူများ တက်ရောက်ခဲ့ကြရာ မြို့နယ်စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးမှူး ဦးဇော်မင်းထွန်းက မိုးကြိုးချည်မျှင်ရှည်ဝါစိုက်ပျိုးချိန်၊ စိုက်နည်းစနစ်၊ အပင်ပြုစုမှု လုပ်ငန်းများ ပိုးမွှားကာကွယ် နှိမ်နင်းရေးလုပ်ငန်းများနှင့် ၁ ဧက ပိဿာ ၁၀၀၀ ကျော် ထွက်ရှိနေသည့် အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
မိုးကြိုးချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် လက်လှုပ်ကျေးရွာမှ တောင်သူ ဦးကျော်ဝင်း က ``ကျွန်တော်ကတော့ ဝါချည် ပဲ(၁)ဧက သီးသန့်စိုက်ပါတယ်။ ဝင်ငွေအတွက် အချိန်အကြာကြီး မစောင့်ရသလို ၁ ဧကအတွက် ကုန်ကျ စရိတ်က မျိုးဖိုးအပါအဝင် ရေသွင်းခ၊ ပေါင်းရှင်းခ စုစုပေါင်း (၁)သိန်းဝန်းကျင်လောက်ပဲ ကုန်ကြပါတယ်။ ကျနော် စိုက်ခင်းက အချိန် (၁၀၀၀)လောက် မျှော်မှန်းထားပါတယ်။ အခုလောလောဆယ် ပိဿာ (၁၀၀)ခူးပြီး ပါပြီ။ ၁၀၂၅ိ/-နှုန်းနဲ့ ရောင်းရပါတယ်။ ဒီနှစ်မှ စစိုက်တာပါ။ ဒီသီးနှံ က အခြားသီးနှံတွေထက် အကျိုး အမြတ်ပိုရှိပါတယ်။ နောင်နှစ်တွေမှာလည်း ဒီဝါသီးနှံ ပဲ စိုက်မှာပါ။ ကျနော်တို့ဘက်ကတော့ ဝါစိုက်တောင် သူတွေအားလုံး ဒီသီးနှံကြောင့် ဝင်ငွေကောင်းကြပါတယ်´´ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment