ပုလော သြဂုတ် ၄ ရက်
အနာဂတ်လူငယ်များ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သော သားကောင်းသမီးကောင်းများ
ဖြစ်လာစေရေး လမ်းညွှန်သင်ကြားပေးနိုင်ရန် ရည်ရွယ်၍
ပုလောမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဆရာဖြစ်
သင်တန်းကို ပုလောမြို့နယ်လယ်ဝိုင်းကျောင်းတိုက် ဆရာတော် ဒေါက်တာအရှင်ကောဝိဒ ဦးဆောင်စီမံမှုဖြင့်
ပုလောမြို့နယ် လယ်ဝိုင်းကျောင်းတိုက်ဓမ္မာရုံ၌ သြဂုတ်လ(၄)ရက် နံနက်(၈)နာရီက စတင်ဖွင့်လှစ်
သင်ကြား ခဲ့သည်။
အဆိုပါသင်တန်းတွင် ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ဆရာဆရာမ(၃)ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး
ပုလောမြို့နယ်လုံးဆိုင်ရာ ဆရာဆရာမ(၄၆)ဦး တက်ရောက်သင်ကြားကာ သင်တန်းကာလမှာ သြဂုတ်လ(၄)
ရက်နေ့မှ သြဂုတ်လ(၁၁)ရက်အထိ (၈)ရက်သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းအချိန်မှာ နံနက်(၈)
နာရီမှ ညနေ(၅)နာရီအထိ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment