မြိတ် သြဂုတ် ၆ ရက်
မြိတ်တက္ကသိုလ်စာပေနှင့် အနုပညာ အသင်းမှကြီးမှူး၍ ကျောင်းသား/သူများ၏ အကြားအမြင်
ဗဟု သုတတိုးတက် မြင့်မားမှု ဆက်စပ်တွေးခေါ်နိုင်မှု ဖြတ်ထိုးဉာဏ်ရင့်သန်မှုစတဲ့ အချက်တွေကို
အခြေခံတဲ့ နုတ်ပြော စွမ်းရည်တိုးတက် စေရန် အတွက် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍ
ကျပန်းစကား ပြောစွမ်းရည်ပြိုင်ပွဲကို သြဂုတ်လ(၅)ရက် နေ့လယ်(၁)နာရီက မြိတ်တက္ကသိုလ်တွင်
ကျင်းပခဲ့သည်။
ရှေးဦးစွာ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက အမှာစကားပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲစတင် ကျင်းပရာ အခြေခံပညာကဏ္ဍတွင် ကျောင်းသား/သူ(၇)ဦးနှင့် အဆင့်မြင့်ပညာကဏ္ဍတွင်
ကျောင်းသား/သူ(၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် မူးယစ်ကင်းစင် မြန်မာ့မြေတခွင်၊
အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက၊ လူ့ဘဝအဆင့်မြင့်တင် နည်းပညာစွမ်းအင်၊ လှသွေးစုံလင်
တက္ကသိုလ် ဂုဏ်အင် ဆိုသည့် ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြင့်ပွဲ ကျင်းပရာ အခြေခံပညာကဏ္ဍတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊
အဆင့်မြင့်ပညာ ကဏ္ဍတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုရရှိသူများကို
မြိတ်တက္က သိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာစီစီလှဘူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်
ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment