Wednesday, August 6, 2014

ပလောက်မြို့နယ်ခွဲ၌ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် (၂)လမှ (၁)နှစ်ခွဲကလေးငယ်များအား ကာကွယ်ဆေးထိုး ပေး

ပလောက် သြဂုတ် ၄ ရက်
မြိတ်ခရိုင်၊ ပလောက်မြို့နယ်ခွဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် (၂)လမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးပေးခြင်းကို


သြဂုတ်လ(၄)ရက် နံနက်(၉)နာရီက ပလောက်မြို့နယ်ခွဲ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက်သားဖွါးဆရာမ ဒေါ်ခရေလွင်က BCG ၊ Panta ၊ Opv စသည့် အဆုပ်/ ဦးနှောက်/ အရိုး တီဘီရောဂါကာကွယ်ဆေးများ၊ မေးခိုင်ကာကွယ်ဆေးများ၊ ပိုလီယို အကြောသေရောဂါ ကာကွယ် ဆေးများနှင့် ဝက်သက်ရောဂါကာကွယ်ဆေးများကို ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးအမီးများနှင့် (၂)လမှ(၁)နှစ်ခွဲ  အထိ ကလေးငယ်များအား ထိုးပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment