Monday, August 4, 2014

သာသနာရေး ဝန်ကြီးဌာန၏ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့်အရှိန်အဟုန်မြှင့်တင်မှု အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် - ဩဂုတ် ၎
သာသနာရေး ဝန်ကြီးဌာန၏ နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်အဟုန် မြှင့်တင်မှု အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန စုံညီခန်းမ၌ကျင်းပရာ သာသနာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက တက်ရောက်အမှာစကားပြောကြား
ရာတွင် ပြည်သူတို့၏ လူမှုစီးပွား ဦးစားပေး လိုအပ်ချက်တွေကို ချက်ချင်း ဆောင်ရွက်ပေးရမည့်အပိုင်းကို ထိထိရောက်ရောက် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် ရာတွင် ရုံးလုပ်ငန်း စနစ်များ သွက်လက်မြန်ဆန်လာစေရန်၊ ရုံးလုပ်ငန်းလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်တတ်စေရန်၊ စီမံ ရေးရာ၊ ဝန်ထမ်းရေးရာ၊ ဘဏ္ဍာရေးရာ လုပ်ငန်းတွေကို နားလည်တတ်ကျွမ်းပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ လုပ်ကိုင်ဆောင်ရွက် တတ်စေရန် ဝန်ကြီးဌာနတွင် ပြဋ္ဌာန်းထားသော ဥပဒေ(၁၀)မျိုးကို သိရှိနားလည်ပြီး ဥပဒေနှင့် အညီဆောင်ရွက်တတ်စေရန်၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာဥပဒေ၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေများကိုလည်း သိရှိနားလည်စေရန်၊ အရာထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းတွင် သင်ကြားပို့ချဆွေးနွေးမည့် ဘာသာရပ်များအား စိတ်ဝင်စားစွာ မှတ်သားလိုက်နာကြရန် မှာကြား လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနမှ သင်တန်းသား အရာထမ်း (၃၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလ မှာဩဂုတ်(၆)ရက်အထိ (၃)ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment