နေပြည်တော်
- ဩဂုတ် ၎
(၄၆)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေး
(46th ASEAN Economic
Ministers' Meeting-AEM) နှင့် ဆက်စပ်အစည်းအဝေးများကို ဩဂုတ် (၂၅)ရက်မှ (၂၈)ရက်အထိ
နေပြည်တော်ရှိ The Hotel Royal
Ace ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
သတင်းတက်ရောက်ရယူလိုသည့် ပြည်တွင်း/ပြည်ပသတင်းထောက်များအနေဖြင့်
www.asean 2014.gov.mm မှ Home Page တွင်ရှိသည့်
Upcoming Events ၌ 46th ASEAN
Economic Ministers' Meeting (AEM) ကိုနှိပ်၍ Registration Link ကိုနှိပ်ကာ MEDIA REGISTRATION
FORM တွင် ပြည့်စုံစွာဖြည့်စွက်ပြီး Go ပြုလုပ်ရန်၊ မှတ်ပုံတင်ခြင်းကို ဩဂုတ်(၁၅)ရက်နေ့
နောက်ဆုံးထား ဆောင်ရွက်ရန်နှင့် ဝင်ထွက် ခွင့်ကတ်များ ထုတ်ပေးခြင်းကို အစည်းအဝေးစတင်သည့်
ဩဂုတ်(၂၅)ရက် နံနက်ပိုင်းတွင် The
Hotel Royal Ace ၌ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာ သတင်းထောက်များ အနေဖြင့် နီးစပ်ရာ
သံရုံးများမှတစ်ဆင့် ဗီဇာလျှောက်ထားကြရမည် ဖြစ်ကြောင်းနှင့် အစည်းအဝေးနှင့်ပတ်သက်၍
သိရှိလိုပါက အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဖုန်း
၀၆၇-၄၀၇၁၄၉၊ ၄၀၇၁၅၀ တို့သို့လည်းကောင်း၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်း ဌာနများနှင့်
ပြည်တွင်း စာနယ်ဇင်းများ ဝင်ထွက်ခွင့် ရရှိရေးနှင့် ပတ်သက်၍ သိရှိလိုပါက သတင်းနှင့်
စာနယ်ဇင်း လုပ်ငန်း ဖုန်း ၀၆၇-၄၁၂၁၂၆ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment