Saturday, August 9, 2014

လည်ပင်းကြီး ရောဂါလူနာများအား ခွဲစိတ်ကုသမှုကြည့်ရှုအားပေး


နေပြည်တော်-ဩဂုတ်(၉)

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသိန်းညွန့်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇမ္ဗူသီရိအထူးကုဆေးရုံကြီး၌ Mount         Elizabeth  Hospitals  Singapore မှ နား၊ နှာခေါင်း၊ လည်ချောင်းခွဲစိတ်အထူးကုဆရာဝန်ကြီး Dr. Goh  Yau  Hong နှင့် ဇမ္ဗူသီရိ အထူးကုဆေးရုံကြီးမှ ခွဲစိတ်သမားတော်ကြီး ဒေါက်တာမျိုးထက်ကျော်နှင့် ဒေါက်တာမင်းဇော်အောင်တို့ ပူးပေါင်း၍ လည်ပင်းကြီးရောဂါဝေဒနာရှင်(၂)ဦးအား ခွဲစိတ်ကုသပေးနေမှုများကို ကြည့်ရှုအားပေးသည်။


ထို့နောက် အထူးကြပ်မတ်ကုသဆောင်၌ ခွဲစိတ်ကုသမှုခံယူပြီးသော လည်ပင်းကြီးရောဂါ ဝေဒနာရှင်များ နှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

ယင်းအထူးကုဆေးရုံကြီးတွင် Mount  Elizabeth  Hospitals  Singapore မှ အထူးကုဆရာဝန်ကြီး များက လည်ပင်းကြီး ရောဂါဝေဒနာရှင်များကို တတိယအကြိမ်အဖြစ် ဩဂုတ်(၇)ရက်မှ (၉)ရက်အထိ အခမဲ့ စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးခဲ့ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment