Sunday, August 10, 2014

နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျိုက်ဒုံမြို့နယ်အတွင်းရှိ ကျေးရွာများ ၂၄ နာရီ မီးရရှိတော့မည်

ကျိုက်ဒုံ ဩဂုတ် ၉
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့နယ်ခွဲရှိ အဇင်းကျေးရွာ၊ ကျော့ခီးကျေးရွာ၊ ကရင်အခေါ်က ဆိုင့်ဖွတ်ကလကျေးရွာများတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း ၈၀၀ ကျော်အကုန်အကျခံပြီး ကျိုက်ဒုံမြို့နယ်ခွဲ ကျော့ခီးကျေးရွာရှိ ရေအားလျှပ်စစ်စက်ရုံကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ဆောက်လုပ်ခဲ့သည်။

အဆိုပါ ရေအားလျှပ်စစ်စက်ရုံသည် ၂၀၁၄ ခုနှစ် ဩဂုတ်လမှစ၍ စတင်လည်ပတ်နိုင်မည် ဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိကျေးရွာများ၂၄ နာရီ မီးရရှိရန်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်ပင်တရုတ်နိုင်ငံမှ ထရန်စဖော်မာငါးလုံး သွားရောက်ဝယ်ယူခဲ့ရာဩဂုတ် ၈ ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိပြီး ကော့ကရိတ်-ကျိုက်ဒို ရေလမ်းကြောင်းဖြင့် ပြန်လည်သယ်ဆောင်သွားခဲ့သည်။
အဆိုပါ ထရန်စဖော်မာငါးလုံးသည် ကီလို ၁၀၀ တစ်လုံး၊ ကီလို ၅၀ တစ်လုံး၊ ကီလို ၃၀ သုံးလုံးဖြစ်ပြီး ကျော့ခီး ရေအားလျှပ်စစ်စက်ရုံတွင် ကီလို ၁၀၀ နှင့် အဇင်းကျေးရွာတွင် ကီလို ၅၀ နှင့် ၃၀ နှစ်လုံး၊ ကရင် အခေါ်က ဆိုင့်ဖွတ်ကလကျေးရွာတွင် ကီလို ၃၀ တစ်လုံးထားရှိသွားမည်ဖြစ်သည်။

ထရန်စဖော်မာ ငါးလုံးသည် ၂၀၁၃-၂၀၁၄ ခုနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သိန်း ၁၃၀ ခန့်ဖြင့် ဝယ်ယူထားပြီး အဆိုပါ ကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာများအထိ ဆက်လက်လျှပ်စစ်မီး ပေးနိုင်ရန် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း ကျိုက်ဒုံမြို့နယ်ခွဲ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဘရွှေက ပြောကြားခဲ့သည်။

No comments:

Post a Comment