Wednesday, August 27, 2014

၂၀၁၄ခုနှစ်၊ (နန်ဂျင်း) လူငယ်အိုလံပစ် အားကစားပြိုင်ပွဲမှ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြန်လည် ရောက် ရှိကြိုဆို

ရန်ကုန်၊ ဩဂုတ် ၂၅ ရက်
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ဩဂုတ်လ (၂၅)ရက်နေ့၊ ည(၁၁)နာရီ(၄၅)မိနစ်က နန်ဂျင်းမြို့မှ Dragon Airline ခရီးစဉ်ဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက် ရှိရာ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန်၊ အားကစားနှင့် ကာယ ပညာသိပ္ပံ ကျောင်း အုပ်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။



၂၀၁၄ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (နန်ဂျင်းမြို့)၌ ဩဂုတ်လ(၁၆) ရက်နေ့မှ (၂၈)ရက်နေ့အထိ အိမ်ရှင် အဖြစ်လက်ခံကျင်းပခဲ့သော ဒုတိယအကြိမ် (နန်ဂျင်း)လူငယ်အိုလံပစ် အားကစားပြိုင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားနှင့် လူငယ် အိုလံပစ်အားကစား ပြိုင်ပွဲများတွင် မြန်မာအားကစားအသင်းမှ ယှဉ်ပြိုင်ခဲ့သော လူငယ်အားကစား ပြိုင်ပွဲများသို့ ဒုတိယဝန်ကြီး သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးသည် နန်ဂျင်းမြို့သို့ရောက်ရှိစဉ်အတွင်း ဩဂုတ်လ(၂၂)ရက်နေ့တွင် လူငယ်အိုလံပစ်အားကစား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူး နန်ဂျင်းမြို့တော်ဝန် (Mr. Miao  Ruilin) Mayor  of   Nanging Municipal၊ Vice President and Secretary General of NYOGOC အားတွေ့ဆုံဂါဝရပြုခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နန်ဂျင်းမြို့တော်ဝန်မှ ၂၀၁၄ခုနှစ် လူငယ်အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပရေးအတွက် ကြိုတင်ပြင်ဆင် မှုအခြေအနေ၊ နန်ဂျင်းမြို့တော် လူငယ်အားကစားရွာ တည်ဆောက်မှုအခြေအနေများ၊ နှစ်နိုင်ငံအားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ၏ ဆောင်ရွက်ချက်များအား မြို့တော်ဝန်မှ ရှင်းလင်း ပြောကြားခဲ့သည်။ ဒုတိယ ဝန်ကြီးမှ မြန်မာအားကစားအဖွဲ့ ယှဉ်ပြိုင်မှုအခြေအနေ၊ မြန်မာနိုင်ငံမှ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင် ရေးအတွက် ကြိုတင်ပြင်ဆင်မှု၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နည်းပြများ လေ့ကျင့်ပေးနေမှုများနှင့် နည်းပြလိုအပ်ချက်များ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ ချစ်ကြည်ရင်းနှီးပြီး နှစ်နိုင်ငံ အားကစားဖွံ့ဖြိုး တိုးတက် ပူးပေါင်း ဆောင်ရွက်ရေး တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး အမှတ်တရအထိမ်းအမှတ် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment