ကျိုက်ထို
သြဂုတ် ၅
ကျိုက်ထိုမြို့နယ်၌
လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ်
အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်ကျရေများပြီး ရေကြီးမှုများရှိခဲ့ သော်လည်း လူနှင့်တိရိစ္ဆာန်
ပျက်စီး ဆုံးရှုံးမှု မရှိခဲ့ချေ။
သြဂုတ်လ ၅ ရက်၊ နံနက် ၈နာရီခွဲခန့်တွင်
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်တက်လမ်းတလျှောက် မြေပြိုမှုများ
ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ မြေပြိုမှုကြောင့်
ကျိုက်ထီးရိုး တောင်တက်ကားလမ်းရှိ စခန်းများဖြစ်သော ဒူးရင်းမြောင်၊ ပိန္နဲပင်ကွေ့၊ ၁၀မိနစ်စခန်း
အပေါ်အောက်၊ ရှမ်းအိပ်တောင်၊ စခန်းလေးနှင့် ရသေ့တောင် လူသွားလမ်းများပေါ်သို့ တောင်ကမ်းပါးယံများ
ပြိုကျမှုဖြစ်ပွားကာ ရသေ့တောင် လူသွားလမ်းသစ်ရှိ လူနေတဲ ၃ လုံး ပျက်စီး ဆုံးရှုံးမှု
ရှိခဲ့ရာ လူနေတဲ၁လုံးပေါ်၌ အဝတ်လျှော်နေသူ မကြူကြူသင်း ၂၂ နှစ် (ဘ) ဦးအောင်ဆန်းဦး
မှာ ပြိုကျသည့် မြေကြီးနှင့်အတူ ပါသွားခဲ့၍ မွန်ပြည်နယ်လွတ်တော် ဒုတိယဥက္ကဌ ဦးဌေးလွင်၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ အမှတ် ၄၄ ခြေမြန်တပ်မနှင့် ခြေလျင်တပ်ရင်းမှ
အရာရှိအရာခံနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်၊ ကျိုက်ထီးရိုးစေတီ
ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ရင်ပြင်တော် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပျောက်ဆုံး
အလောင်းအားရှာဖွေခြင်း ကားလမ်းတလျှောက်ပိတ်ဆို့နေသော ကျောက်တုံး ကျောက်ခဲများနှင့်
မြေသားများကို ရှင်းလင်းပေးလျက်ရှိ ကြောင်းသိရှိရသည်။
No comments:
Post a Comment