Friday, August 8, 2014

မြစ်ရေကြီးမှုအခြေအနေ

နေပြည်တော်-ဩဂုတ် ၈
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် (၂)စင်တီမီတာ (၀ ဒသမ ၁ ပေခန့်) ကျော်လွန်နေကာ ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်သည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ဩဂုတ်(၅)ရက် ညနေ(၅)နာရီခွဲ အချိန်မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅)စင် တီမီတာ (၀ ဒသမ ၂ ပေခန့်) ကျော်လွန်နေကာ ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ကျဆင်းနိုင်သည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ဩဂုတ်(၆)ရက် မွန်းလွဲ(၁၂)နာရီခွဲအချိန်မှစ၍ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခဲ့ပြီး ယနေ့မွန်းလွဲ(၁၂)နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် (၁၈)စင်တီမီတာ (၀ ဒသမ ၆ ပေခန့်) ကျော်လွန်နေကာ ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်အောက်သို့ ကျဆင်းနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။

No comments:

Post a Comment