နေပြည်တော်-ဩဂုတ်
၈
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
အစည်းအဝေး ခန်းမတွင် ဩဂုတ်(၈)ရက်၌ ကျင်းပသော လက်မှတ်ရေးထိုးပွဲတွင် International Express
Registered Service Provider စိစစ် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ
ဒုတိယဝန်ကြီး
ဦးဝင်းသန်းက အမှာစကား ပြောကြားပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အထွေထွေ မန်နေဂျာနှင့်
ကုမ္ပဏီ(၅)ခုမှ တာဝန်ရှိသူများက အပြည်ပြည် ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း လုပ်ကိုင်ခွင့်သဘောတူစာချုပ်အား
လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန
အနေဖြင့် နိုင်ငံတော်မှ ပြောင်းလဲကျင့်သုံး လာသော ဈေးကွက်စီးပွားရေး စနစ်နှင့် အညီ
အရည်အသွေးပြည့်ဝ၍ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများ လွတ်လပ်စွာရွေးချယ် သုံးစွဲနိုင်ခွင့်
ရှိစေရန် ပုဂ္ဂလိကလုပ်ငန်း ရှင်များသို့ အပြည်ပြည်ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်း အား
Public, Private, Partnership (PPP) နည်းလမ်းဖြင့် မှတ်ပုံတင်စနစ်ဖြင့် ဝန်ဆောင်မှုပေးသူ
(Registered Service Provider) အဖြစ် လုပ်ကိုင် ဆောင်ရွက်ခွင့် ပြုပေးနိုင်ရန်
အတွက် နိုင်ငံတော်သမ္မတ ရုံးမှ International
Express Registered Service
Provider စိစစ်ရွေးချယ်ရေး ကော်မတီအား ဖွဲ့စည်း၍ အဆိုပါကော်မတီဖြင့် စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
စိစစ်ရွေးချယ်ရေး ကော်မတီက အဆင့်ဆင့်စိစစ်
ရွေးချယ်ကာ ကုမ္ပဏီ(၅)ခုကို ခွင့်ပြုပေးခြင်းဖြစ်သည်။
ဆောင်ရွက်ခွင့် ရရှိသော ကုမ္ပဏီ(၅)ခုအနက်မှ
Magnate Group Logistic
Co.,Ltd.၊ Smart Logistics
Co.,Ltd. နှင့် Transmarine Logistics Asia Pte.Ltd. တို့သည် (၈.၈.၂၀၁၄)ရက်မှစ၍
လုပ်ငန်း ဆောင်ရွက် ကြမည်ဖြစ်ပြီး United
Courier Services Co.,Ltd. နှင့် Myanmar USU
Co.,Ltd. တို့သည် (၁.၁.၂၀၁၅)ရက်တွင် လုပ်ငန်းစတင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment