ရန်ကုန် သြဂုတ် ၁
ရန်ကုန်ပိုင်းအနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင်(၃၁-၇-၂၀၁၄)ရက်နေ့ည
(၇း၁၅)နာရီက မကျီးတန်းတောင် အနောက်ရပ်ကွက် ၊ရွှေလှိုင်လမ်း(ညဈေးလမ်း)ရှိ တိုက်အမှတ်(၄၃)၊
နှစ်ထပ်တိုက် ၀ရံတာပြိုကျမှု ဖြစ်ပွားခဲ့သည်။
ထိုတိုက်ဝရံတာပြိုကျမှုကြောင်း ဈေးရောင်းသူအား လာကြိုသူ ကြည့်မြင်တိုင် မြို့နယ်မယ်ဇလီပင်လမ်းတွင်
နေထိုင်သူ မောင်သွင်ကိုကို(၃၁)နှစ်၊ အဘဦးလှိုင်မြင့်မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး
ဒေါ်ဝေမြင့်၊ ဒေါ်သန်းသန်းရွှေ၊ ဒေါ်သန်းသန်းစိုး၊ ဒေါ်စန်းစန်းနွယ်တို့(၄)ဦးအား ရန်ကုန်ဆေးရုံကြီးနှင့်
အနောက်ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့သည်။
ဝရံတာပြိုကျရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ဒေါ်ကြည်ကြည်မာ၊ ရန်ကုန်အနောက်ပိုင်းခရိုင်
အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦး၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
ဦးတင်ကျော်ဝင်း၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြု ကော်မတီဥက္ကဌ ဦးဝင်းဇော်၊ ပတ်ဝန်းကျင်ရှိရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်
အဖွဲ့ဝင်များလာရောက် ကူညီပေးခဲ့ကြောင်းသိရှိရပါသည်။
No comments:
Post a Comment