Saturday, August 30, 2014

အာဆီယံ ယူ - ၁၉ ပြိုင်ပွဲနှင့် ထိုင်းခြေစမ်းပွဲကို မြန်မာယူ -၁၉ အသင်း ကစားသမား ၂၀ ဖြင့်ယှဉ်ပြိုင်မည်




ရန်ကုန် သြဂုတ်  ၂၉
ဘရူနိုင်း ဘုရင့်ဖလားပြိုင်ပွဲ တွင် ဗိုလ်စွဲခဲ့သည့် မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲ မတိုင်မီ ပြည်ပခရီးစဉ်များ သွားရောက်ကစားကာ အတွေ့အကြုံ များ ရယူဦးမည်ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းသည် ဩဂုတ် ၃၀ ရက်တွင် အာရှ အား ကစားပြိုင်ပွဲဝင်မည့် ထိုင်းယူ-၂၃ အသင်းနှင့် ဖူးခက်တွင် ခြေစမ်း ကစားမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင်ကျင်းပမည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲကို
ဆက်လက်ယှဉ် ပြိုင်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ ကို စက်တင်ဘာ ၅ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(က)တွင် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ အုပ်စု(ခ)တွင် ဂျပန်၊ ဩစတြေးလျနှင့် အိမ်ရှင် ဗီယက် နမ်တို့ ပါဝင်နေသည်။ မြန်မာ အသင်းမှာ ဖူးခက်တွင် သုံးရက်ကြာ လေ့ကျင့်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့် ဗီယက်နမ်သို့ ထွက်ခွာ မည်ဖြစ်သည်။
မြန်မာယူ-၁၉ အသင်းတွင် အုပ်ချုပ်သူ ဦးစိုးဝင်း၊ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြ ဦးညီညီလတ်၊ ဂိုးနည်းပြ ဦးမြတ် ကိုမင်း၊ ကစားသမားများအဖြစ် ဂိုးသမား-မျိုးမင်းလတ်၊ ထက်လင်းဦး၊ နောက်တန်း- ထိုက်ထိုက် အောင်၊ နန်းဝေမင်း၊ နိုင်လင်းထွန်း၊ နန္ဒကျော်၊ သီဟထက်အောင်၊ အလယ်တန်း- ကျော်မင်းဦး၊ ငြိမ်း ချမ်းအောင်၊ စွမ်းထက်အောင်၊ ချစ်လှအောင်၊ မျိုးကိုထွန်း၊ ရန်လင်း အောင်၊ ရန်နိုင်ဦး၊ ရွှေဝင်းထွန်း၊ မောင်မောင်စိုး၊ ရှေ့တန်း-အောင်သူ သန်းပိုင်၊ ရှိုင်းသူရနှင့် မောင်မောင် လွင်တို့ပါဝင်ကြသည်။ မြန်မာယူ- ၁၉ အသင်းမှာ ဩဂုတ် ၃၀ ရက် (ယနေ့) နံနက်ပိုင်းတွင် ထိုင်းသို့ ထွက်ခွာမည်ဖြစ်သည်။

No comments:

Post a Comment