Saturday, August 30, 2014

(၁၂)ကြိမ်မြောက် အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးအဆင့်အစည်းအဝေး (ASCC) ပုဂံမြို့တွင်ကျင်းပမည် သတင်းရယူမည့် မီဒီယာသမားများ မှတ်ပုံတင်ဆောင်ရွက်နိုင်



နေပြည်တော် ဩဂုတ် ၂၉
(၁၂)ကြိမ်မြောက် အာဆီယံလူမှု ရေး-ယဉ်ကျေးမှု အသိုက်အဝန်း ကောင်စီဝန်ကြီးအဆင့်အစည်းအဝေး (12th ASEAN Socio-Cultural Community (ASCC) Council Meeting)ကို စက်တင်ဘာ ၂၉ ရက် မှ ၃၀ ရက်အထိ ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ သတင်း တက်ရောက်ရယူလို သည့် ပြည်တွင်းပြည်ပသတင်း ထောက်များအနေဖြင့် www. Asean 2014. gov.mm မှ Home Page တွင်ရှိသည့် Upcoming Events ၌ 12th ASEAN Socio-Cultural Community (ASCC) Council
Meeting ကိုနှိပ်၍ Registration Link ကိုနှိပ်ကာ MEDIA REGISTRATION FORM တွင် ပြည့်စုံစွာဖြည့်စွက်ပြီး Go ပြုလုပ်ရန်၊ မှတ်ပုံတင်ခြင်းကို စက်တင်ဘာ ၂၀ ရက် နောက်ဆုံးထားဆောင်ရွက် ရန်နှင့် ဝင်ထွက်ခွင့်ကတ်များကို စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ပုဂံမြို့ ရွှေနန်းတော်ဟိုတယ်၌ ထုတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာသတင်းထောက်များ အနေဖြင့် နီးစပ်ရာသံရုံးများမှတစ်ဆင့် ဗီဇာလျှောက်ထားကြရမည် ဖြစ် ကြောင်းနှင့် အစည်းအဝေးနှင့်ပတ် သက်၍ သိရှိလိုပါက ယဉ်ကျေးမှု ဝန်ကြီးဌာန ဖုန်း-၀၆၇-၄၀၈၃၈၄ သို့လည်းကောင်း၊ ပြည်တွင်းအခြေ စိုက် နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းစာနယ်ဇင်းများ ဝင်ထွက် ခွင့်ရရှိရေးနှင့်ပတ်သက်၍ သိရှိလို ပါက သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ ဖုန်း-၀၆၇-၄၁၂၁၂၆ သို့လည်း ကောင်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရှိရသည်။

No comments:

Post a Comment