Friday, August 1, 2014

ရေစကြိုမြို့နယ်တွင် မီးဘေးသင့် အိမ်ထောင်စုများသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်

ရေစကြို - ဩဂုတ် - ၁
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ လေးရာပြည့်ကျေးရွာအုပ်စု၊လေးရာပြည့်ကျေးရွာတွင် မီးဘေးသင့်ခံခဲ့ရသော အိမ်ထောင်စု (၈)စု အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့လွှဲပြောင်း ပေးအပ်ခဲ့သော
မီးဘေး ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ဇူလိုင်(၃၁)ရက်၊ နံနက်(၁၀)နာရီတွင် ရေစကြိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် မီးဘေးသင့်အိမ်ထောင်စု (၈)စုတို့အား မီးဖိုချောင်သုံး ပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများကို မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် တစ်သိန်း ငါးသောင်းဖိုးခန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းနှင့်မြို့နယ်ကြက်ခြေနီ ဒုတိယတပ်ရင်းမှူးဦးကျော်ကျော်ခိုင်တို့က ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment