Friday, August 1, 2014

Asia World ဆိပ်ကမ်းတွင် Mobile Team အဖွဲ့များ အချိန်နှင့်တပြေးညီ တာဝန်ယူ စစ်ဆေးဆောင်ရွက်

ရန်ကုန်      ဇူလိုင်  ၃၁
တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသည် လေဆိပ်နှင့် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (၅)ခုအား ဇူလိုင်(၂)ရက်နေ့မှစတင်၍ ဇူလိုင် (၃၁)ရက်နေ့ထိအား ပညာပေးကာလသတ်မှတ်၍ ဌာနစုံပါဝင်သည့် Mobile Team အဖွဲ့များဖွဲ့၍ တာဝန်ထမ်းဆောင်စေခဲ့သည်။



သြဂုတ်လ(၁)ရက်နေ့တွင် အရေးယူကာလစတင်မည်ဖြစ်သော်လည်း ယခုအခါ ကုန်သွယ်မှုလုပ်ငန်းများ တရားဝင်ပုံမှန် လမ်းကြောင်းပေါ်သို့ ပိုမိုရောက်ရှိလာခြင်းနှင့် ကုန်သွယ်လုပ်ငန်းရှင်များအတွက် လမ်းကြောင်းမှန်ပေါ်မှ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအလေ့အထ ရရှိစေရန်အတွက် စစ်ဆေးပညာပေးမှုကာလကို သြဂုတ်(၁)ရက်နေ့မှ(၁၅)ရက်နေ့ထိအား တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။
အဆိုပါအရေးယူကာလမစတင်မီ ရန်ကုန်တိုင်းဒေသကြီးဆိပ်ကမ်းမြို့နယ် Asia World ဆိပ်ကမ်းတွင် ယနေ့ နံနက်(၁၁)နာရီခန့်က တာဝန်ကျ Mobile Team အဖွဲ့များ စစ်ဆေးဆောင်ရွက်နေကြောင်း သိရှိရသည်။ ယင်းဆိပ်ကမ်းတာဝန်ကျ အဖွဲ့ခေါင်းဆောင် ဦးနေထက်မင်းမှ ပြောဆိုသည်မှာ ယနေ့ Container (၂၂၅)လုံး ဆိပ်ကမ်းမှ လာရောက်ထုတ်ယူမှာဖြစ်ကြောင်း ယင်းContainer များတွင် မဲခွဲစနစ်အရ သတ်မှတ်ထားသော Channel အလိုက် Red Channel (၂၃)လုံး၊Yellow Channel (၆၉)လုံး၊ Green Channel (၁၁၃)လုံး လာရောက် ထုတ်ယူမှာ ဖြစ်ပြီး ယင်း Container များအား ကုမ္ပ္ပဏီပေါင်း(၉၃)ခုမှလာရောက်ထုတ်ယူမှာ ဖြစ်ကြောင်း သိရှိရသည်။
ကြိုစစ်မှာ သက်ဆိုင်ရာကုမ္ပ္ပဏီမှ လာရောက်တင်ပြတောင်းခံမှာသာ ထုတ်ပေးမှာဖြစ်ပြီး ယခုလက်ရှိ ကြိုစစ်တောင်းခံ ထားသော Custom File Run ပြီး ကုမ္ပ္ပဏီ(၅)ခုသာရှိကြောင်း သိရှိရသည်။ မိမိတာဝန်ထမ်းဆောင်စဉ်ကာလ ဇူလိုင်(၂၁)ရက်နေ့မှ(၃၀)ရက်နေ့အထိ အမှုတွဲပေါင်း(၁၈)မှုရှိပြီး ပညာပေးကာလဖြစ်သည့်အတွက် (ရွေးယူဒဏ်ငွေ ၊ဒဏ်ကြေးဖြင့်) အကောက်ခွန်လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ယင်းဆိပ်ကမ်းတွင် အပြည်ပြည်ဆိုင်ရာ သဘောင်္တစ်စီးဆိုက်ကပ်လာလျှင် ပျမ်းမျှ Containerအလုံးရေ (၄၀၀)မှ (၄၅၀)ထိ ရှိပြီး ပျမ်းမျှ ၀န်ဆောင်နိုင်မှုတန်ချိန်မှာ(၁၀၀၀၀)အထက်ရှိကြောင်း သိရှိရသည်။

အဆိုပါဆိပ်ကမ်းတွင် တွေ့ရှိရသော ထူးခြားဖြစ်စဉ်များကတော့ လိုင်စင်/ID တို့မှာ ဖော်ပြထားခြင်းမရှိပဲ ကုန်စည်များ တင်ဆောင်လာခြင်း၊ Country Origin-CO အလွဲ၊ Brand/ Model /Sizeအလွဲများ ကို စစ်ဆေးတွေ့ရှိရပြီး ပညာပေး ကာလကျော်လွန်သည့် အချိန်မှစပြီး တရားမ၀င်ကုန်သွယ်မှုလုပ်ငန်းများ စစ်ဆေးတွေ့ရှိမှုများကိုမူ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၂၀၁၂/ပင်လယ်ကြောင်းအကောက်ခွန်ဥပဒေများအရ အရေါ်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

No comments:

Post a Comment