Tuesday, July 29, 2014

နိုင်ငံတော် ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းပွဲကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်ကျင်းပ

ကော့သောင်း၊ ဇူလိုင် ၂၈ ရက်
နိုင်ငံတော် ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန် မြှင့်တင်မှု Third Wave လုပ်ငန်းစဉ်များ ထပ်ဆင့် ရှင်းလင်းပွဲကို ဇူလိုင်၂၈ ရက် မွန်းလွဲ (၂)နာရီက ကော့သောင်းခရိုင်၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။


ရှင်းလင်းပွဲတွင် ကော့သောင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဆွေးနွေးမှာကြားချက်များဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် အရေးကြီးသည့် အချက်များဖြစ်သော အများသဘောတူညီမှု၊ ပွင့်လင်း ထင်သာမြင်သာရှိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို လိုက်နာဆောင်ရွက်သွားရန်၊ Third Wave အဓိက လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လူမှုစီးပွားတိုးတက်ရေး လုပ်ငန်းများအား ချက်ခြင်း အကောင်အထည်ဖေါ်မှု၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များတွင် ကြိုးစားတာဝန်ထမ်းဆောင် ကြရေးနှင့် လုပ်ငန်းများအလိုက် တာဝန်ယူ ဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ချက်များကို ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဦးစီးမှူးများနှင့် ၀န်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ရှင်းလင်းပွဲတက်ရောက်လာသည့် ဦးစီးမှူးများ၊ ၀န်ထမ်းများမှ အပြန်အလှန်ဆွေးနွေး ကြကြောင်း သိရှိရသည်။

No comments:

Post a Comment