Tuesday, July 29, 2014

ပုလောမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပုလော ဇူလိုင် ၂၇ ရက်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ (TCRC) လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ပုလောမြို့ ကမ်းရိုးတန်းရတနာခန်းမ၌ ဇူလိုင်လ(၂၆)ရက် နံနက်(၁၀)နာရီကကျင်းပရာ
ရှးဦးစွာ တနင်္သာရီ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ခင်နွယ်ထွန်းက TCRC ကော်မတီ ဖွဲ့စည်း ဖြစ်ခဲ့သည့် သမိုင်းကြောင်းနှင့် TCRC ကော်မတီဖွဲ့များ၏ လုပ်ငန်းနှင့်ဝတ္တရားများကို ရှင်းလင်းဆွေးနွေးသည်။

ထိုနောက် Znnal Manager, World Vision Myanmar မှ ဒေါက်တာတင်ထွန်းဝင်းက ဝေါလ်ဗွီရှင် (International Myanmar) ၏ လုပ်ငန်းစဉ်အကျဉ်းချုပ်နှင့် ကလေးသူငယ်အာဟာရ၊ ပညာရေး၊ ကျန်းမာရေး၊ ပညာမသင်နိုင်သော ကလေးများ အား ပြင်ပအသက် မွေးဝမ်းကျောင်း ပညာသင်ကြားပေးခဲ့ပုံများကို လည်းကောင်း၊ ဝေါဗွီရှင်(ပုလော) ဒေသဖွံ့ဖြိုးရေး စီမံကိန်း မန်နေဂျာ ဒေါ်သင်းစိန်မှ ပုလောမြို့နယ်၏ဖွံ့ဖြိုးရေး အတွက်လုပ်ဆောင်ခဲ့မှုများနှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ ကို လည်းကောင်း၊ ရှင်းလင်းဆွေးနွေး ခဲ့သည်။
ဆက်လက်၍ ဝေါလ်ဗွီရှင်မြန်မာမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကြံပေးအရာရှိ ဦးမောင်မောင်သိုက် က မြို့နယ်ကလေးကာကွယ်စောင့်ရှောက်ရေးကော်မတီနှင့် ဝေါလ်ဗွီရှင်တို့ ပူးပေါင်းနိုင်မည့် အခန်းကဏ္ဍများကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးပြီး ပုလာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းမှ လုပ်ငန်းစဉ်များ၌ အတူ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်း လိုက်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များနှင့် ကလေးသူငယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

No comments:

Post a Comment