Tuesday, July 29, 2014

ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော၊ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဇူလိုင် ၂၈  ရက်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ မူလတန်းလွန်ကျောင်းတွင် ကျောင်းကျန်းမာရေး ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲအား ဇူလိုင်လ ၂၇  ရက်၊ နံနက်  (၉)နာရီ က ပြုလုပ် ဆောင်ရွက်သည်။



အစီအစဉ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  တာဝန်ရှိသူများက ကျောင်းနေအရွယ် ကလေးများတွင် ဖြစ်ပွားတတ သည့် သွေးလွန်တုတ်ကွေး ရောဂါ၊ သန်ကောင်ရောဂါ၊ အကြောင်းသိကောင်းစရာများနှင့် ကျောင်းသား ကျောင်းသူများ ရောဂါ မဖြစ်ပွားရေး ပြုမူနေထိုင်ရမည့် တစ်ကိုယ်ရည် သန့်ရှင်းရေး နည်းလမ်းများ၊ သွားကျန်းမာရေး သွားတိုက်ပုံ နည်းစနစ်များအား အသီးသီး အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက  ကျောင်းတွင်းရောင်းချနေသည့် မုန့်ဆိုင်များ အား ကျန်းမာရေး လိုအပ်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ အခြေအနေများ အားစစ်ဆေးကြည့်ရှု၍ ဈေးရောင်းသူများ အား ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျောင်းရှိမူလတန်း အဆင့် ကျောင်းသား/သူ မျာအား၊ မျက်စိ၊ သွား၊ ကိုယ်ခန္ဓာ ကျန်းမာရေး စစ်ဆေး ခြင်းလုပ်ငန်းများအား  ဆောင်ရွက်ပေးကြပြီး လိုအပ်သည့် ဗီတာမင်ဆေးများ၊ သန်ချဆေးများ တိုက်ကျွေးခြင်းစသည့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှု လုပ်ငန်းများအား အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment