Monday, July 28, 2014

နိုင်ငံတော်ပြုပြင် ပြောင်းလဲမှုများ တတိယ အဆင့် အရှိန်အဟုန်မြှင့် တင်မှု (Third Wave) လုပ်ငန်းစဉ် (၅)ရပ် အကောင်ထည်ဖေါ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မလှိုင် ၊ ဇူလိုင် ၂၈
နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့်အရှိန်အဟုန်မြှင့် တင်မှု (Third Wave) လုပ်ငန်းစဉ်( ၅ ) ရပ် အကောင်ထည်ဖေါ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီ က မန္တလေးတိုင်ဒေသကြီး၊ မလှိုင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စည်းဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရွှေနန်းက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုများ တတိယအဆင့် အရှိန်အဟုန်မြှင့် တင်မှု (Third Wave) လုပ်ငန်းစဉ်( ၅ ) ရပ် အကောင်ထည်ဖေါ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ “ စီမံခန့်ခွဲရေး ဆိုင်ရာပြသနာများ ” ခေါင်းစဉ် အောက်ရှိ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ၊NGO ၊ INGO အဖွဲ့အစည်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်က “ ရပ်ရွာအေးချမ်းသာယာရေး ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုးက “ တရားဥပဒေစိုးမိုးရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ် စီမံကိန်း ဦးစီးအရာရှိ ဦးလှိုင်ဦးက “ ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်မြေစာရင်း ဦးစီးအရာရှိ ဦးစိုးသူထွန်း က “ ပြည်သူအကျိုးပြု ဆောင်ရွက်ရေး ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပုဂ္ဂလိက ပညာရှင် ဦးတင်မောင်ထွန်း က “ ပြည်သူ အကျိုးပြု ဆောင်ရွက်ရေး ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိလိုသည့်မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားကာ အလုပ်ရုံဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment