Monday, July 28, 2014

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဝါရင့်ဒုတိယ ဝန်ကြီး မစ္စတာ ရိုတ တာခဲဒါအား လက်ခံတွေ့ဆုံ




နေပြည်တော်   ဇူလိုင်  ၂၈
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ဝါရင့်ဒုတိယဝန်ကြီး မစ္စတာ ရိုတ တာခဲဒါအား လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာ ရှိကြီးများ တက်ရောက်ကြပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဝါရင့်ဒုတိယဝန်ကြီး မစ္စတာ ရိုတ တာခဲဒါနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံစစ်သံမှူး ဗိုလ်မှူးကြီး ဟရ တာခဲရှိနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ထို့သို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ဘာသာစကားသင်ကြားပို့ချရေး အပါအဝင် ပညာတော် သင်များ စေလွှတ်ရေးနှင့် သဘာဝဘေးန္တရာယ် ပူးပေါင်းကာကွယ်တားဆီးရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန ဝါရင့်ဒုတိယ ဝန်ကြီး တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment