Monday, July 28, 2014

စက်ရုံပရိယတ္တိ စာသင်တိုက်ကျောင်း၊ စွယ်တော်ကျောင်း စုပေါင်းဒါန ကုသိုလ်ပြု

ရေတာရှည် ဇူလိုင် ၂၈
ရေတာရှည် မြို့နယ် ဆွာမြို့၊ စက်ရုံပရိယတ္တိ စာသင်တိုက်တွင် တည်ဆောက် လျှက်ရှိသော စွယ်တော် ကျောင်းကြီး အမြန်ပြီးစီးရေးအတွက် လုပ်အား ဒါနပြုပွဲ ကြီးကို ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။ လုပ်အားဒါန ပြုပွဲသို့ မြို့မိမြို့ဖ ဦးစောမြို့၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု အဖွဲ့မှ ဦးတင်စိုး၊ ဦးစီး နာယက ဦးကျော်သန်း၊ မြို့နယ် လူမှုရေးအဖွဲ့ ဦးစိုးတင့်တို့မှ ဦးဆောင်၍ စက်ရုံ စာသင်တိုက်ရှိ ရဟန်း သံဃာတော် များ၊ အခမဲ့ ဇီဝိတဒါန စုပေါင်း သွေးလှူရှင်အသင်းမှ အသင်းသူ/ အသင်းသားများ စုစုပေါင်း အင်အား (၂၀ဝ) ကျော် တို့အား သာသနာ့ ကုသိုလ်ယူ စုပေါင်းလုပ်အား ဒါနပြုခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment