Tuesday, July 1, 2014

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့်အဖွဲ့ တောင်အာဖရိကနိုင်ငံ Johnnesburg မြို့၌ကျင်းပခဲ့သည့် International Conference on Access to Legal Aid in Criminal Justice System အပြည်ပြည်ဆိုင်ရာ ဥပဒေညီလာခံသို့တက်ရောက်



နေပြည်တော် ဇူလိုင် ၁

ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်နှင့်အဖွဲ့သည် ဇွန်(၂၄)ရက်မှ (၂၆)ရက်အထိ တောင်အာဖရိကနိုင်ငံ Johnnesburg မြို့၌ကျင်းပခဲ့သည့် International Conference on Access to Legal Aid in Criminal Justice System အပြည်ပြည်ဆိုင်ရာ ဥပဒေညီလာခံသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ရှေ့နေချုပ်က မိန့်ခွန်းပြောကြားခဲ့သည်။


အဆိုပါ အပြည်ပြည်ဆိုင်ရာ ဥပဒေညီလာခံကို Government  of  South  Africa, the  United  Nations  Development  Programme, the  United  Nations  Office  of  Drugs  and  Crime, the  University  of  Pretoria  and  the  University  of  Witwatersrand တို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ရှေ့နေချုပ်များ၊ တရားရေးဝန်ကြီးများ၊ တရားရုံးချုပ်တရားသူကြီး များ၊ ဥပဒေ ပါမောက္ခများ၊ နိုင်ငံတကာတွင် ထင်ရှားကျော်ကြားသော ဥပဒေပညာရှင်များ၊ ကုလသမဂ္ဂမှ အထူးအရာရှိကြီးများ၊ ပညာရေး နယ်ပယ်နှင့် လူမှုရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ စသည်ဖြင့် နိုင်ငံပေါင်း (၆၇)နိုင်ငံမှ ဥပဒေပညာရှင်(၂၅၀) တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ပြည်ထောင်စုရှေ့နေချုပ်က Legal Aid Scheme နှင့် စပ်လျဉ်း၍ နိုင်ငံအသီးသီးတွင် ရှိသည့် ပြည်တွင်းဥပဒေများကိုလည်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်သူများက စိတ်ဝင်တစားဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရှေ့နေချုပ်အား ဘာသာရပ် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် တက်ရောက်လာသူများက ဥပဒေဆိုင်ရာ မေးခွန်းများမေးမြန်းရာ ပြည်ထောင်စု ရှေ့နေချုပ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


ထို့အပြင် အခြားပညာရှင်များ ဆွေးနွေးကြစဉ် ပြည်ထောင်စုရှေ့နေချုပ်သည် အခြေခံဥပဒေ ဘာသာရပ်နှင့်စပ်လျဉ်းသော ဥပဒေရေးရာကိစ္စများ၊ ကမ္ဘာအရပ်ရပ်မှာကျင့်သုံးလျက်ရှိသည့် Legal Aid စနစ်များ၊ Judicare, Salaried Defense Counsel, Duty Care, Contract System and Mixed Systems စသည်တို့ကို မိမိကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးပြီး အခြားပညာရှင်များအား မေးခွန်းများ မေးမြန်းကာ အတွေ့အကြုံများ ဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment