Tuesday, July 1, 2014

(၇၃)ကြိမ်မြောက် ဗဟိုကောင်စီအစည်းအဝေးနှင့် ဧကဒသမကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပမည်

နေပြည်တော်-ဇူလိုင် ၁

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ (၇၃)ကြိမ်မြောက် ဗဟိုကောင်စီ အစည်းအဝေးနှင့် ဧကဒသမကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံကို ၂၀၁၄ ခုနှစ် ဇူလိုင်(၉)ရက်မှ (၁၀)ရက်အထိ နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဌာနချုပ် စုဝေးခန်းမ၌ကျင်းပမည် ဖြစ်သည်။


အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အမှုဆောင်များ၊ ဗဟိုကောင်စီဝင်များ၊ ဖိတ်ကြားထားသူများနှင့် ကြက်ခြေနီ လူငယ် ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment