Tuesday, July 29, 2014

ကြို့ပင်ကောက်၌ CDMA-800 ဖုန်းလိုင်းများ မကြာခင်ပြန်ကောင်းမည်

ကြို့ပင်ကောက် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် CDMA-800 မိုဘိုင်းဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲလျှက် ရှိနေသော သတင်းကို ဇူလိုင် (၁၄) ရက်နေ့က ပေးပို့ခဲ့ပြီး ဖြစ်ပါသည်။
ယနေ့ ဇူလိုင်လ (၂၈) ရက်နေ့တွင် အဆိုပါ CDMA-800 ဖုန်းလိုင်းများ ဆက်သွယ်ရ ခက်ခဲနေမှု ကို MEC မှ လာရောက် ပြုပြင်နေသည်မှာ (၂) ရက် ရှိပြီ ဖြစ်၍ မကြာခင် ဖုန်းလိုင်းများ ပြန်လည် ကောင်းမွန်မည် ဖြစ်သည်။
‘‘အလင်းသစ်’’ ကွန်ပျူတာဆိုင်မှ ဦးရန်နိုင်ဝင်း က ‘‘ကျွန်တော်တို့ အင်တာနက်သုံးတာက ‘‘စီ’’ ဖုန်းကို သုံးတာ၊ သူက 3G ဆိုတော့ လိုင်းကောင်းတယ်၊ GSM က 2G ဆိုတော့ လိုင်းအားနဲနဲ ညံ့တယ်။ ‘‘စီ’’ ဖုန်းလိုင်းတွေ ပြန်ကောင်း တော့မှာဆိုတော့ ၀မ်းသာရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဌာနဆိုင်ရာတွေ၊ အခြားပုဂ္ဂလိက လုပ်ငန်းရှင်တွေက E-mail, G-mail တို့ ပေးပို့ချင်ရင် ဆိုင်ကို လာအကူအညီ တောင်းကြ တယ်။ အဲဒိတော့ ‘‘စီ’’ လိုင်းပြန်ကောင်း တော့မှာ ဆိုရင် အားလုံးအဆင်ပြေစွာ အသုံးပြုရမှာဖြစ်လို့ ဝမ်းသာပါတယ်’’ ဟု ဦးရန်နိုင်ဝင်းက ပြောပြသွားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment